ဝေဖန်မှုများစွာခံနေရတဲ့ Hyun A ရဲ့ အပေါ်ပိုင်း အဝတ်အစားမဲ့ ဓါတ်ပုံများ

Hyun A ဆိုတာ ခန္ဓာကိုယ်အလှကို ပြသဖို့ မရှက်ရွံ့တတ်တဲ့ အနည်းငယ်သော ကိုရီးယား idol တွေထဲက တစ်ယောက် အပါအဝင်ပါ ။ သူမဟာ တကယ်ကို လှပပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို sexy ကျကျ လှပအောင် အမြဲ ကြိုးစားထိန်းသိမ်းတတ်ပါတယ် ။

သူမရဲ့ sexy ဆန်တဲ့ အလှပုံရိပ်တွေ ၊ အပြုအမူတွေအပေါ် တချို့တွေက ပြင်းပြင်းထန်ထန် ဝေဖန်ကြသော်လည်း သူမရဲ့ အမာခံပရိတ်သတ်တွေကတော့ အားပေးလျက် ၊ ချစ်ခင်လျက်ပါပဲ ။

ယခု ဓါတ်ပုံတွေဟာလည်း မဂ္ဂဇင်းတစ်ခုအတွက် indoor ၊ outdoor ရိုက်ပေးခဲ့တာဖြစ်ပြီး သိပ်မကြာခင် ရက်ပိုင်းတုန်းက တင်ခဲ့တာ ဖြစ်ပါတယ် ။ အဓိကအားဖြင့် 19 + Adult တွေအတွက်သာ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံတွေပါ ။ ပုံတွေကိုကြည့်ခြင်းအားဖြင့် Hyun A ဟာ သူမရဲ့ ခန္ဓာကိုယ်အပေါ် ဘယ်လောက်ယုံကြည်မှုရှိတယ်ဆိုတာကိုလည်း မြင်တွေ့နေရပါတယ် ။

Hyun A ဟာ မိန်းကလေးအဆိုတော်အဖွဲ့ 4 Minute ရဲ့ အဖွဲ့ဝင်ဖြစ်သလို တစ်ကိုယ်တော် သီချင်းများစွာကိုလည်း သီဆိုထားသူပါ ။ သူမရဲ့ တစ်ကိုယ်တော် သီချင်း Bubble Pop ဟာလည်း ယခုတိုင် လူကြိုက်များဆဲ သီချင်းတစ်ပုဒ် ဖြစ်ပါတယ် ။

ဘယ်သူတွေဘာပြောပြော ကိုယ်ကတော့ Hyun A မှ Hyun A ပဲ … ။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*