ဂျက်စတင်ဘီဘာနဲ့ပြန်တွဲလို့ ဆယ်လီနာဂိုးမက်စ်နှင့်မိခင်ဖြစ်သူတို့ ဆက်ဆံရေးတင်းမာနေ

ဂျက်စတင်ဘီဘာနှင့် ဆယ်လီနာဂိုးမက်စ်တို့ ပြန်တွဲခြင်းကို ဆယ်လီနာမိခင်က သဘောမတူတာဟာ တစ်ဆင့်ထက်တစ်ဆင့် အခြေအနေ ပိုမိုပြင်းထန်လာပါတယ်။

ပြန်တွဲတဲ့ကိစ္စကြောင့် ဆယ်လီနာဂိုးမက်စ်နှင့်မိခင်ဖြစ်သူတို့ အကြီးအကျယ်စကားများပြီး မိခင်ဖြစ်သူက ဆေးရုံရောက်ရှိခဲ့တယ်လို့လည်း ယခင်က သတင်းထွက်ရှိခဲ့ပါတယ်။ အခုတစ်ခါမှာလည်း အင်စတာဂရမ်မှာ နှစ်ဦးသား အပြန်အလှန် unfollowလုပ်ထားတာကြောင့် ကျေအေးမှုမရရှိသေးတဲ့အပြင် အခြေအနေပိုတင်းမာလာတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။

ဆယ်လီနာဂိုးမက်စ်ဟာ ဂျက်စတင်ဘီဘာကို ခွင့်လွှတ်နိုင်ပေမဲ့ မိခင်ဖြစ်သူကတော့ ဆယ်လီနာအပေါ် ဂျက်စတင်ဘီဘာပြုမူခဲ့တာကို ခွင့်မလွှတ်နိုင်သေးဘူးလို့ ဆယ်လီနာကိုယ်တိုင်က ဝန်ခံပြောဆိုခဲ့ပါတယ်။ ဂျက်စတင်ဘီဘာမိသားစုကတော့ ဆယ်လီနာကိုချစ်ခင်ပြီး နှစ်ဦးပြန်တွဲကြတာကို အားပေးတိုက်တွန်းတယ်လို့ သိရပါတယ်။

ခမ်းမူး (ရွှေအင်းလေး)

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*