Latest post

16MP Selfie ကင်မရာနဲ့ တန်ဖိုးနည်း Gionee S10 Lite

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Gionee က အိန္ဒိယမှာ ကုမ္ပဏီရဲ့ စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ S10 Lite လို့ အမည်ပေးထားပြီး Qualcomm Snapdragon 427 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။ သူ့မှာ ၅.၂ လက်မ HD Display တပ်ဆင်ထားပါတယ်။ 4GB RAM , 32GB Internal Storage များ ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 16MP Selfie Camera များ တပ်ဆင်ထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 148.7×73.7×7.9mm ဖြစ်ပြီး ၁၅၅ ဂရမ် အလေးချိန် ရှိပါတယ်။ Android 7.1 Nougat ထည့်သွင်းထားပြီး ဘက်ထရီကတော့ 3100mAh ဖြစ်ပါတယ်။ Home Button အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ သူ့မှာ Whatsapp Clone လုပ်ဆောင်ချက်ပါဝင်လာပြီး account ၃ခုထိသုံးနိုင်မှာပါ။

Gionee S10 Lite ကို အိန္ဒိယ ရူပီး ၁၅ ၉၉၉ သတ်မှတ်ထားပြီး ၂၅၀ ဒေါ်လာ ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ အနက်နဲ့ ရွှေရောင်များ ရွေးချယ်နိုင်ပါတယ်။ အိန္ဒိယမှာ စတင် ရောင်းချပေးနေပြီ ဖြစ်ပြီးလက်လီအရောင်းဆိုင်များမှာ ၀ယ်ယူနိုင်ပါတယ်။

kk(shweinnlay)

85 Comments on 16MP Selfie ကင်မရာနဲ့ တန်ဖိုးနည်း Gionee S10 Lite

  1. Your comment is awaiting moderation.
  2. Your comment is awaiting moderation.
  3. Your comment is awaiting moderation.

Leave a Reply

Your email address will not be published.


*