Latest post

Samsung Galaxy J2 (2018) ၏ဓာတ်ပုံနှင့် အချက်အလက်များ ပေါက်ကြားထွက်ပေါ်

Samsung ရဲ့အဆင့်မြင့် စမတ်ဖုန်းများမှာ Infinity Display 18:5:9 သုံးထားပါတယ်။ Samsung ဟာ သူတို့ရဲ့တန်ဖိုးသင့် စမတ်ဖုန်းများကိုလည်း တစ်နှစ်ပြီး တစ်နှစ် အနည်းငယ်ချင်းစီ အဆင့်မြင့် လုပ်ဆောင် လာခဲ့ပါတယ်။ မကြာမီကာလအတွင်းမှာ သုံးစွဲသူတွေအနေနဲ့ Samsung Galaxy J2 (2018) ကို မြင်တွေ့လာရဖို့ ရှိနေပါတယ်။ အစောပိုင်းတုန်းက Galaxy J2 (2018) ကို Galaxy J2 Pro (2017) ဆိုပြီး ထွက်လာမယ်လို့ ယူဆခဲ့ကြပါတယ်။ ယနေ့မှာ Samsung Galaxy J2 (2018) ရဲ့ ဓာတ်ပုံနှင့် ဒီဖုန်းမှာ အသုံးပြုလာမယ့်အချက်မှာ ပေါက်ကြားလာခဲ့ပြီ ဖြစ်ပါတယ်။

Samsung Galaxy J2 (2018) က မျက်နှာပြင် ၅ လက်မရှိပြီး 540×960 Super AMOLED ရုပ်ထွက် အသုံးပြုထားပါတယ်။ RAM1.5GB သုံးထားပြီး Storage 16GB ပါဝင်ပါတယ်။ microSD မှ တစ်ဆင့် ထပ်မံ တိုးမြှင့်နိုင်ပါမယ်။ Sanpdragon 425 Chipset နှင့် ပါဝါထောက်ပံလာပါမယ်။ 1.4GHz Quad-core CPU ပါဝင်ပါတယ်။

ကျောဘက်ကင်မရာ 8MP နှင့် ရှေ့ကင်မရာ 5MP ပါဝင်ပါမယ်။ ကင်မရာနှစ်ခုစလုံးအတွက် LED Flash ထည့်သွင်းပေးထားပါတယ်။ Dual-SlM အသုံးပြုနိုင်ပါမယ်။ Bluetooth 4.2 နှင့် LTE Cat.4 ပါဝင်ပါတယ်။ ဒေါင်းလော့ခ်လုပ်မှုကို တစ်စက္ကန့်လျှင် 150Mbps အထိ ပြုလုပ်နိုင်ပါမယ်။ 802.11n Wi-Fi ပါဝင်ပါတယ်။ ဘက်ထရီ 2600 mAh ပါဝင်ပြီး microUSB သုံးထားပါတယ်။

အလေးချိန် ၁၅၃ ဂရမ်ရှိပြီး Android 7.1.1 Nougat သုံးထားပါတယ်။ ဈေးနှုန်းက ယူရို ၁၁၅ ဖြစ်လာမယ်လို့ သိရပါတယ်။ Samsung ဟာ Galaxy J2 (2018) ကို မကြာမီကာလအတွင်းမှာ မိတ်ဆက်သွားနိုင်ပါတယ်။

kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*