Lenovo မှ 18:9 Screen နဲ့ နောက်ကျောဘက်ကင်မရာ၂လုံးနဲ့ K320t ကို ကြေညာ

တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Lenovo အနေနဲ့ စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ K320t ဖြစ်ပြီး Quad-Core 1.3GHz CPU ပါတဲ့ Spreadtrum SoC မောင်းနှင်ထားပါတယ်။ သူ့မှာ ၅.၇ လက်မ 720x1440p Display တပ်ဆင်ထားပြီး မျက်နှာပြင်အချိုးမှာ 18:9 ဖြစ်ပါတယ်။

သူ့အတွက် 2GB or 3GB RAM နဲ့ 16GB or 32GB Internal Storage များ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ 8MP+2MP Dual ကင်မရာ များ တပ်ဆင်ထားပါတယ်။ အရှေ့ဘက် Selfie ကင်မရာကတော့ 8MP ဖြစ်ပါတယ်။

သူ့ရဲ့ အရွယ်အစား အပြည့်အစုံမှာ 155.2 x 73.5 x 8.5mm ဖြစ်ပြီး ၁၅၃.၈ ဂရမ် အလေးချိန်ရှိပါတယ်။ Android 7.0 Nougat ထည့်သွင်းထားပါတယ်။ 3000mAh Battery ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

Lenovo K320t ကို အစောဆုံး ရောင်းချမယ့် နိုင်ငံမှာ တရုတ် ဖြစ်ပါတယ်။ တရုတ်မှာ ကြိုတင်မှာယူမှုများကို ပြုလုပ်နိုင်ပြီ ဖြစ်ပြီး ဇန်န၀ါရီလ ၄ ရက်နေ့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ တရုတ် ယွမ် ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာ ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*