၂၀၁၈ ခုနှစ်အတွက် အချစ်ရေး အဟောများ

မိမိရဲ့ အချစ်ရေးဟာ ၂၀၁၈မှာ ဘယ်လိုအခြေအနေတွေနဲ့ ကြုံတွေ့နိင်မလဲဆိုတာ အားလုံး သိချင်ကြမယ် ထင်ပါတယ် ။Single တွေ ၊ RS တွေ ၊ အိမ်ထောင်ပြုပြီးသား စုံတွဲတွေအတွက် ၂၀၁၈ မှာ အချစ်ရေးဟာ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ပြောပြပေးသွားမှာပါ ။ ကဲ မိမိရဲ့ ရာသီဖွားအလိုက် အောက်မှာ ကြည့်လိုက်ပါဦးနော်..

Aries (Mar 21 – Apr 19)

သင်ဟာ Aries ရာသီဖွားဆိုရင် သင့်ရဲ့အချစ်ရေးဟာ ၂၀၁၈မှာ စိတ်ကူးယဉ်ဆန်ဆန် romantic တွေ အချစ်စိတ်တွေကို အပြည့်ရရှိနိုင်တဲ့ နှစ်တစ်နှစ်ပါ ။ Single သမားဆိုလျှင်လည်း ထူးခြားတဲ့ လက်တွဲဖော်ကို တွေ့ရှိလာပါလိမ့်မယ် ။ အိမ်ထောင်သည်ဆိုလျှင်လည်း အရမ်းချစ်ပြီး ပျော်ရွှင်ရတဲ့ နှစ်လေး ဖြစ်ပါလိမ့်မယ် ။ အချစ်ရေးဟာ ၂၀၁၈မှာ တက်လိုက်ကျလိုက် ဖြစ်နေလျှင်တောင် အဓိပ္ပါယ်များစွာရှိနေတဲ့ relationship တစ်ခုကို ပိုင်ဆိုင်နေဦးမှာပါ ။

 

Taurus (Apr 20 – May 20)

၂၀၁၈ ဟာ သင့်အတွက် စိတ်ခံစားမှုတွေ များစွာပေးစွမ်းတဲ့ နှစ်တစ်နှစ် ဖြစ်လာနိုင်ပါတယ် ။ ကိုယ့်ရဲ့ လက်တွဲဖော်ကို ကိုယ်ပိုင်အချိန်လိုအပ်ကြောင်း ၊ လွတ်လပ်မှုတွေပေးဖို့ ၊ အရမ်းမချုပ်ချယ်ဖို့တွေ ရှင်းပြကောင်း ရှင်းပြရနေနိုင်ပါတယ် ။ ၂၀၁၈ ပထမနှစ်ဝက်မှာတော့ အချစ်ရေးက အရမ်းကြီး ချောမွေ့နေမှာ မဟုတ်ဘဲ အဖုအထစ်အနည်းငယ် ရှိနိုငပါတယ် ။ သို့သော်လည်း ကျန်တဲ့ နှစ်ဝက်မှာတော့ မျှော်လင့်ထားသလို သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်နိုင်ပါလိ့မ်မယ် ။ သင်ဟာ လက်ထပ်ပြီးသားလူတစ်ယောက်ဆိုလျှင်တော့ သင့်ရဲ့ခေါင်းမာတတ်တဲ့အကျင့်ကြောင့် လက်တွဲဖော်ကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ငြင်းခုံရန်ဖြစ်မှုတွေ ရှိလာနိုင်ပါတယ် ။

Gemini(May 21 – June 20)

အိုး..၂၀၁၈က တကယ်ကို ကောင်းမွန်တဲ့ အလားအလာတွေရှိတဲ့ နှစ်တစ်နှစ်ပါ ။ အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးဂရုစိုက်ကြင်နာမှုတွေနဲ့ အရမ်းချစ်ကြတဲ့ အနေအထားမျိုးတွေ ရှိနေနိုင်ပါတယ် ။ နောက်ပြီး ကိုယ့်ရဲ့ လက်တွဲဖော်ဟာလည်း ကံကောင်းနေနို်င်တဲ့ နှစ်တစ်နှစ်ပါ ။ ၂၀၁၇ ခုနှစ်ထက် ပိုကောင်းမွန်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ရပါလိ့မ်မယ်။

Cancer(June 21 – July 22)

၂၀၁၇ ဟာ သင့်ကိုယ်သင် ပြန်လည်ရှာဖွေ သုံးးသပ်ခဲ့ရတဲ့ နှစ်တစ်နှစ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ သင်ဟာ အချစ်ကိစ္စနဲ့ ပတ်သက်ပြီး အချိန်ယူကာ အဖြေတွေ ရှာခဲ့ရပါလိ့မ်မယ် ။ ၂၀၁၈ မှာတော့ သင်ရှာဖွေတွေးတောခဲ့တာတွေကို ပြန်လည်ရိတ်သိမ်းရမယ့်အချိန်ကို ရောက်ရှိလာပါပြီ ။ သင့်လက်တွဲဖော် ၊ အချစ်ရေးနှင့်ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိနေပါပြီ ။ အချစ်ရေးမှာ အဆင်ပြေသာယာအောင် နှစ်ယောက်သား အဓိပ္ပါယ်ရှိတဲ့ ဆက်နွယ်မှုတွေကို ပြုလုပ်ပြီး စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ခံစားမှုတွေရအောင် လုပ်နိုင်မယ့် အခွင့်အရေးတွေဟာ သင့်အတွက် ရှိနေပါလိ့မ်မယ်။

Leo(July 23 – Aug 22)

ယခုနှစ်ဟာ သင့်အတွက်တော့ ရိုလာကိုစတာစီးရသလို ဖြစ်နေပါလိ့မ်မယ် ။ Single တစ်ယောက်ဆိုလျှင် လူတစ်ချို့နဲ့ တွေ့ဆုံနိုင်မယ် ။ သို့သော် သင်နဲ့လိုက်ဖက်ပြည့်စုံစေမယ့်လူကတော့ ရှားလိမ့်မယ်။ ဒါပေမယ့်လည်း တွေ့ပြီဆိုလျှင်တော့ အဲ့လူဟာ သင့်အတွက် အရမ်းထူးခြားကောင်းမွန်တဲ့သူပဲ ဖြစ်မှာပါ ။ သင်ဟာ လက်ထပ်ပြီးသား လူတစ်ယောက်ဆိုလျှင်တော့ သင့်ရဲ့ အချစ်ရေးမှာ တစ်ချို့အပြုအမူတွေကြောင့် နောင်တတွေ ရကောင်း ရနိုင်ပါလိမ့်မယ်။ နောက်ပြီး မိသားစုတစ်ခု စတည်တည်ဆောက်ဖို့အတွက်လည်း အတွေးတွေ ရှိလာပါလိ့မ်မယ်။

Virgo(Aug 23 – Sept 22)

သင့်အတွက်တော့ ၂၀၁၈ က အချစ်ရေးကောင်းတဲ့နှစ် မဖြစ်နိုင်တဲ့အတွက် သေချာလေး ဂရုတစိုက်ရှိဖို့ လိုပါမယ် ။ သင့်ရဲ့ အချစ်ရေးကို လမ်းခွဲဖို့အတွက်ချည်း တွေးနေမိနိုင်ပါတယ် ။ သင့်ရဲ့ လက်တွဲဖော်ကလည်း ခေါင်းမာတတ်တဲ့ အကျင့်စရိုက်ရှိတာကြောင့် အဖုအထစ်တွေ များနေနိုင်ပါတယ် ။ ဒါကြောင့် ၂၀၁၈ မှာ ကွဲဖို့ကွာဖို့မဖြစ်အောင် အတတ်နိုင်ဆုံး ပြဿနာဖြစ်မယ့်လမ်းတွေကနေ ရှောင်ရှားပါ။

Libra(Sept 23 – Oct 22)

ဒီရာသီဖွားတွေလည်း ပျော်လို့ရတဲ့ နှစ်တစ်နှစ်ပါ ။ ဒီနှစ်ဟာ သင့်အတွက် ပွဲလမ်းသဘင်တွေနဲ့ ပြည့်နှက်နေမယ့် နှစ်ပါပဲ ။ ပြည့်စုံကောင်းမွန်တဲ့ လက်တွဲဖော်ကို တွေ့ဆုံနိုင်ပြီး ထိုသူနှင့်ပင် လက်ထပ်သည်အထိ ဖြစ်လာနိင်ပါတယ် ။အိမ်ထောင်ကျပြီးသူအတွက်ကတော့ romance ဆန်ဆန် အချစ်တွေ ၂၀၁၈ မှာ ကြုံတွေ့လာနိုင်ပါတယ်နော့ ။ အိမ်ထောင်ဖက်နှင့်အတူ မကြာခဏ ဆိုင်မှာ ညစာသွားစားဖြစ်တာ ၊ခရီးထွက်တာ ၊ ပျော်စရာကောင်းတဲ့နေရာတွေကို သွားလည်တာမျိုးတွေ ဖြစ်လာမှာပါ ။

Scorpio(Oct 23 – Nov 21)

Single လေးတွေအတွက် ၂၀၁၈ ဟာ ကိုယ့်ကိုကိုယ် ပိုချစ်တတ်တဲ့ နှစ်လေး ဖြစ်နေဦးမှာပါပဲ ။ ကိုယ့်ကိုကိုယ် အလိုလိုက်ပြီး ဒီတစ်နှစ်လုံး single ဖြစ်နေလို့လည်း ဘာမှမပူပင် ၊မခံစားနေပါဘူး ။ ဒီတစ်နှစ်မှာ ကိုယ်တိုင်လုပ်ချင်ခဲ့တဲ့အရာတွေကို စမ်းသပ်လုပ်ဆောင်လာနိုင်ပြီး မထင်မှတ်ထားတဲ့ ပျော်ရွှင်စရာတွေလည်း ရှိလာတတ်ပါတယ် ။RS ရှိပြီးသူတွေကတော့ ပိုပိုပြီး လေးနက်ခိုင်မြဲတဲ့ အချစ်ရေးကို ရရှိနေဦးမှာပါ ။

Sagittarius(Nov 22 – Dec 21 )

၂၀၁၈ မှာ အမြင်တွေပိုကျယ်လာပြီး လူအကြောင်းတွေကို သိသထက်ပိုသိလာပါလိမ့်မယ် ။ အချစ်ရေးမှာလည်း ကိုယ်ဘာလိုချင်တယ် ၊ ဘာဖြစ်ချင်တယ်ဆိုတာကို တိတိကျကျ နားလည်လာပါမယ် ။ ၂၀၁၇ မှာ ကိုယ့်ချစ်သူရဲ့ အလေးပေး ဂရုစိုက်မှုတွေကို မရခဲ့နိုင်တာတွေကို ၂၀၁၈မှာ ပြန်လည်ဆတိုး ရလာပါလိ့မယ် ။ နောက်ပြီး အမှန်တကယ်ချစ်တဲ့သူတစ်ယောက်ကလည်း သင့်အနားမှာ ရှိနေမှာပါ ။ ဒီနှစ်မှာ ဘယ်လိုစိတ်လှုပ်ရှားဖွယ်ရာတွေ ၊ ခံစားဖွယ်ရာတွေ လာမလဲဆိုတာ မျှော်လင့်ထားလို့ ရတယ် ။

Capricorn(Dec 22 – Jan 19 )

၂၀၁၇ ခုနှစ်မှာ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ခဲ့လား ။ အဲ့လိုတွေဖြစ်ခဲ့ရလို့ ထွက်ပြေးချင်လောက်အောင် ဖြစ်ခဲ့ဖူးလား ။ ၂၀၁၈ မှာတော့ လုံးဝ ကွာခြားသွားပါပြီ ။ ၂၀၁၈ ဟာ သင့်အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ နှစ်တစ်နှစ်ပါ ။ သင်ဟာ ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုတွေ ရှိလာလိမ့်မယ် ။ အချစ်သစ်တွေနဲ့လည်း တွေ့ဆုံနိုင်လာနိုင်တယ်။

Aquarius (Jan 20 – Feb 18 )

၂၀၁၇ မှာ အဆင်မပြေခဲ့သမျှ ၊ အချစ်ရေးမှာ နာကြင်ခဲ့သမျှ ၂၀၁၈ မှာတောင့် ကောင်းမွန်မှုတွေ ၊ ပျော်ရွှင်မှုတွေပဲ ခံစားရပါလိ့မ်မယ် ။ ၂၀၁၇ မှာ အသဲကွဲခဲ့တယ်ဆိုလျှင်လည်း ၂၀၁၈ မှာ သင့်အတွက် အရမ်းထူးခြားပြီး လိုက်ဖက်တဲ့ လက်တွဲဖော်ကို တွေ့ဆုံမှာပါ ။ ၂၀၁၈ မှာ အချစ်သစ်နှင့်ဖြစ်စေ ၊ လက်ရှိချစ်သူနှင့်ဖြစ်စေ ပျော်စရာအကောင်းဆုံး အချိန်တွေကို ပိုင်ဆိုင်လာပါလိမ့်မယ်။

Pisces ( Feb 19 – Mar 20)

2017 မှာ စိတ်ရှုပ်ရှုပ်ထွေးထွေးတွေ ခံစားခဲ့ရသမျှတွေကို ၂၀၁၈ ထိ ပါသွားကောင်း ပါသွားပါလိ့မ်မယ် ။ ဒီလိုစိတ်ရှုပ်စရာတွေနဲ့နေမယ့်အစား သင့်ရဲ့ RS ကို ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါ ။ အချစ်ရေးမှာ သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေနတဲ့ အကြောင်းအရာပေါင်းများစွာ ရှိနေနိုင်သောလည်း ဒါတွေကို ပြတ်ပြတ်သားသားနဲ့ ဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်မာမာ ချပြီးပြီဆိုလျှင်တော့ သင့်စိတ်လေး တဖြေးဖြေး အေးချမ်းလာပါလိမ့်မယ် ။

CHAN (ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*