Huawei P20 မော်ဒယ်၃မျိုးထဲမှ တစ်မျိုးတွင် screen Notch လုပ်ဆောင်ချက်ပါနိုင်

ဒီနေ့မှာတော့ Huawei P20 လို့ယူဆ သတ်မှတ်နိုင်တဲ့ ဖုန်း၃မျိုးရဲ့ ပုံကြမ်းတွေ ထွက်ပေါ်လာပါတယ်။ Huawei အနေနဲ့ ပြီးခဲ့တဲ့နှစ်က ထွက်ထားတဲ့ဖုန်းဟာ P10 ဖြစ်ပေမယ့် ယခုဖုန်းကိုတော့ P11 လို့မခေါ်နိုင်ပဲ Huawei P20 ဆိုပြီးထွက်လာနိုင်ခြေ ရှိနေပါတယ်။ အတည်ပြုလို့မရသေးတဲ့ ရုပ်ပုံတွေအရ Huawei P20 ဖုန်းဟာ ဗားရှင်း၃မျိုးနဲ့ ထွက်လာနိုင်ခြေရှိပြီး ၃မျိုးထဲက တစ်မျိုးဖြစ်တဲ့ P20 ပရိုမှာတော့ iPhone X မှာလိုမျိုး Screen အပေါ်ထိပ်မှာ Notch ထည့်သွင်း လာနိုင်ပါတယ်။

မျက်နှာပြင်နဲ့ Full display ပိုင်းတွေတူညီပြီး Notch ပါလာတာသာ ကွဲပြားသွားနိုင်ပါတယ်။ လက်ဖွေဖတ်စနစ်ဟာ နောက်ကျောဘက် ကင်မရာအောက်ဘက်မှာ ထည့်သွင်းလာနိုင်ပြီး၊ Dual-Camera ပဲဖြစ်မှာပါ။ အရှေ့ဘက်ကင်မရာ ဆင်ဆာနဲ့ Notch ဟာလိုက်လျောညီထွေ ပုံစံဒီဇိုင်းနဲ့ တည်ဆောက်ထားပါတယ်။

Huawei အနေနဲ့ သူတို့ရဲ့ Face ID နည်းပညာကလည်း အသင့်ဖြစ်နေတာကြောင့် တပါတည်းထည့်သွင်းပေးနိုင်ပါတယ်။ ကုမ္ပဏီက တရားဝင်ပြောကြားချက်အရတော့ Apple ရဲ့ Face ID နည်းပညာထက် ပိုကောင်းပြီး အဆင့်မြင့်လာမယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ဒါဟာတိကျမှု မရှိသေးတာကြောင့် လုံးဝဖြစ်လာနိုင်မယ်လို့ မျော်လင့်လို့ မရနိုင်သေးပါဘူး။

အခြားသတင်းတွေအရလည်း ကင်မရာသုံးလုံး ဖြစ်လာမယ်လို့ သိရပြီး နောက်ကျောဘက်မှာ ဒေါင်လိုက်ဒီဇိုင်းနဲ့ ပြင်ဆင်ထားပါတယ်။ Huawei P20 နဲ့ P20 Plus ကင်မရာတွေဟာ ကွဲပြားတဲ့ တည်နေတွေမှာ ရှိနေမှာဖြစ်ပြီး P20 Plus ကင်မရာ ၉၀ဒီဂရီ ဒေါင်လိုက်ပုံစံနဲ့ P20 ကတော့ အလျားလိုက်ပုံစံနဲ့ ဖြစ်ပါတယ်။ လက်ဗွေဖတ်စနစ်ကတော့ Mate 10 မှာမြင်တွေ့ရသလိုမျိုး တူညီနေပါတယ်။ အစောပိုင်းထွက်ထားတဲ့ သတင်းတွေအရတော့ ကင်မရာဟာ 40MP ဖြစ်နိုင်ပြီး 5x “hybrid zooming” ကိုသုံးနိုင်မယ်လို့ သိရပါတယ်။

kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*