မာရသွန်ပြေးမည့်သူများ မဖြစ်မနေ သိထားသင့်သည့် ဆောင်ရန်၊ရှောင်ရန် အချက်များ

မာရသွန်အားကစားဆိုတာ ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်။ ယခုလို ပွင့်လင်းရာသီမှာဆိုလျှင် အဖွဲ့အစည်းတွေမှ ဦးဆောင်ပြီး လူထုမာရသွန်ပြေးပွဲကြီးတွေကို ကျင်းပပေးလျက်ရှိပါတယ်။ အထူးသဖြင့် လူငယ်၊လူလတ်ပိုင်းတွေဟာလည်း အားကစားကို တဖြေးဖြေးနှင့် စိတ်ပါဝင်စားလာကြပြီး ဒီလိုမာရသွန် ပြေးပွဲတွေမှာ အများအပြား ဝင်ရောက်ဆင်နွှဲကြပါတယ်။

မာရသွန်ပြေးခြင်းဟာ ထင်သလောက် မလွယ်ကူပါဘူး။ မပြေးခင်မှာ ကြိုတင်လေ့ကျင့်မှုတွေ လုပ်ထားသင့်တာပါ။ အချို့ ကျန်းမာရေးပြဿနာရှိသူများအနေဖြင့်လည်း အခန့်မသင့်လျှင် အန္တရာယ် တစုံတရာ ရှိနိုင်လို့ သေချာဂရုစိုက်သင့်တဲ့ အရာဖြစ်ပါတယ်။ ဒါကြောင့် မာရသွန်ပြေးမည့်သူများ သိထားသင့်တဲ့ အချက်တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

ဆောင်ရမည့်အချက်များ

၁။အရိုးရှင်းဆုံး နှင့် တစ်ခုသော စည်းကမ်းကတော့ အပြုသဘောဆောင်တတ်ပါစေ။ သင့်ရဲ့ ပန်းဝင်ခြင်း၊ မဝင်ခြင်းအပေါ် စိတ်အလွန်မနှစ်ပါနှင့်။ပေါ့ပေါ့ပါးပါးသာ ပြေးပါ။ လူတစ်ဦးနှင့်တစ်ဦး ကိုယ်ခံစွမ်းရည်ချင်းမတူတဲ့အတွက် မိမိတတ်နိုင်သလောက်သာ စွမ်းဆောင်ပါ။

၂။မပြေးခင် ရက်သတ္တပါတ်အလိုမှာ လေ့ကျင့်မှုကို တဖြေးဖြေး လျှော့ချပါ။ သင့်ရဲ့ အနားယူမှုအတွက် ပြင်ဆင်ထားရပါမယ်။ ဒါဟာ အလွန်အကျွန် train လုပ်နေခြင်းထက် ပိုပြီး ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီလို လေ့ကျင့်မှုကို လျှော့ချထားခြင်းက အမှန်တကယ်ပြေးတဲ့နေ့မှာ သင့်ကို energy တွေ ပိုပြီး ပြည့်ဝနေစေမှာပါ။ အလွန်အကျွံ လေ့ကျင့်နေလျှင်တော့ သင့်ကို ပန်းတိုင်ရောက်စေမှာ မဟုတ်ပါဘူး။

၃။သင့်ရဲ့ အားကစားပစ္စည်းတွေကို ဂရုတစိုက် ရှိထားပါ။ မပြေးခင် ရက်အနည်းငယ်မှစပြီး ပြေးမယ့်နေ့မှာ ကိုယ်နဲ့ တစ်ပါတည်း ယူဆောင်သွား၇မယ့် အားကစားပစ္စည်းတွေကို ပြင်ဆင်ထားပါ။ မကျန်ခဲ့ပါစေနှင့်။

၎။ပြိုင်ပွဲမတိုင်ခင်နေ့မှာ အနှေးပြေးလေ့ကျင့်မှုတွေ ရှိပါစေ။

၅။ပြိုင်ပွဲမတိုင်ခင် ည (သို့) မနက်ခင်းမှာ စာအုပ်ဖတ်ပါ။ သင့်ရဲ့ စိတ်ကို ပေါ့ပါးပြီး ဖိစီးမှုမရှိစေဖို့ စာဖတ်ခြင်းဖြင့် လျှော့ချထားပါ။ ဒါမှ စိတ်ရှုပ်ထွေးမှုမရှိဘဲ ပေါ့ပေါ့ပါးပါး ပြေးလွှားနိုင်မှာ ဖြစ်ပါတယ်။

၆။မျှတတဲ့ အစားအသောက်ကိုသာ စားသုံးပါ။ ပြိုင်ပွဲမတိုင်ခင် ကာလမှ သင့်တင့်မျှတတဲ့ မနက်စာ၊နေ့လည်စာ၊ညစာကို ဂရုတစိုက်စားသုံးပါ။ ပရိုတိန်း ၊ ကာဗွန်ဟိုက်ဒရိတ် ကြွယ်ဝသော အစားအစာများ ပါပါစေ။ မပြေးခင်ညမှာစားတဲ့ ညစာကို အထူးဂရုစိုက်ပါ။

၇။တိပ်နှင့် ချောဆီများကလည်း မာရသွန်ပြေးသမားတွေအတွက် မရှိမဖြစ် စည်းကမ်းချက်ပါပဲ။ ဆေးဘက်ဆိုင်ရာသုံးတဲ့ စက္ကူတိပ်များဖြင့် မိမိရဲ့ နို့သီးခေါင်းထိပ်ကို ကပ်ပေးထားပါ။ အမျိုးသားရော အမျိုးသမီးပါ ပြုလုပ်ပေးရမှာပါ။ သိပ်မကပ်တဲ့ စက္ကူအမျိုးအစားတိပ်မျိုးကိုတော့ မသုံးပါနှင့်။ နောက်ပြီး ပေါင်ခြံ ၊ ချိုင်းတို့ကို Vaseline လိမ်းပေးပါ။ ဖြစ်နိုင်လျှင် ဖိနပ်ပေါက်လွယ်တတ်သူများ အနေဖြင့် ခြေချောင်းထိပ်တွေကိုပါ လိမ်းပေးနိုင်လျှင် ပိုကောင်းပါတယ်။

၈။မပြေးခင်မှာ သွေးပူအောင်လုပ်ခြင်း (သို့) အိမ်သာသွားခြင်းကိစ္စရပ်များ ကြိုတင်လုပ်ထားပါ။

ရှောင်ရမည့်အချက်များ

၁။စစချင်းမှာ စိတ်လှုပ်ရှားမှုများစွာဖြင့် အသားကုန် မပြေးလိုက်ပါနှင့်။ စောစီးစွာ အားကုန်ပြီး လိုရာပန်းတိုင် မရောက်ဘဲ ဖြစ်တတ်ပါတယ်။

၂။ပြိုင်ပွဲမတိုင်ခင်ရက်မှာ ခြေထောက်ကို အညောင်းမမိပါစေနှင့် ။တစ်နေကုန် လျှောက်သွားခြင်း၊ shopping ထွက်ခြင်းများကို ရှောင်ပါ။

၃။ရေမချိုးပါနှင့်။ ပြိုင်ပွဲနေ့မှာ ရေချိုးမသွားနှင့်။ ရေချိုးခြင်းကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ သဘာဝအဆီတွေကို ဖယ်ရှားပြီး ခန္ဓာကိုယ်ကို အေးနေစေပါတယ်။ ဒါဟာ ပုံမှန်ထက်စောပြီး ရေဓါတ်ခမ်းခြင်းမဖြစ်စေဖို့ သတိထားရမယ့် အရာပဲ ဖြစ်ပါတယ်။

၎။ဖိနစ်အသစ်မဝတ်ပါနှင့်။ ပြိုင်ပွဲနေ့မှ ဖိနပ်အသစ် ထုတ်စီးတာမျိုး မလုပ်ပါနှင့် ။ ပြိုင်ပွဲမှာ သင်စီးမယ့် ဖိနပ်ဟာ သင်နဲ့ အသားကျပြီးသား ဖိနပ် ဖြစ်နေရပါမယ်။ ဒါကြောင့် ဖိနပ်အသစ်ဝယ်ထားပြီးလျှင်လည်း ပြိုင်ပွဲမတိုင်ခင်မှာ ချစီးထားပေးပါ။

၅။ရေအများကြီး မသောက်ရပါ။ မပြေးခင် (သို့) ပြေးနေစဉ်အတွင်းမှာ ရေအများကြီး သောက်ခြင်း မလုပ်ရပါဘူး။ ခန္ဓာကိုယ်ဟာ ရေဓါတ်ကို အများကြီး စုပ်ယူနိုင်ပါတယ်။ အကောင်းဆုံးကတော့ ပြေးနေစဉ်အတွင်းမှာ ရေ အတန်အသင့်လေး သောက်ပေးတာက အကောင်းဆုံးပါပဲ။

ကဲ..မာရသွန်ပြေးမယ့်သူတွေ ဒီအချက်တွေအားလုံးကို သိထားပြီးမှ ပြေးဖို့ ပြောချင်ပါတယ်။

CHAN (ရွှေအင်းလေး)

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*