Display ရဲ့ သုံးဖက်မှာ ဘောင်ပျောက်ဒီဇိုင်းနဲ့ ထွက်လာမယ့် Meizu 15 Plus

စမတ်ဖုန်းကုမ္ပဏီ Meizu အနေနဲ့ပြီးခဲ့တဲ့ ရက်ပိုင်းက M6S စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Meizuရဲ့ နှစ်ပတ်လည် စမတ်ဖုန်း ဖြစ်တဲ့ Meizu 15 Plus ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Display ရဲ့ သုံးဖက်မှာ ဘောင်ပျောက်ဒီဇိုင်းနဲ့ ထွက်လာမှာ ဖြစ်တယ်လို့ ပေါက်ကြားထွက်ပေါ်လာတဲ့ ပုံကြမ်းအရ သိရပါတယ်။
Meizu 15 Plus ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး Qualcomm Snapdragon 845 Chipset သို့မဟုတ် Exynos 8895 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။  ပုံကြမ်းအရ သူ့ရဲ့ အနောက်ဘက်မှာ ကင်မရာ နှစ်လုံးနဲ့အတူ LED Falsh နဲ့ Laser Autofocus Sensor ပါလာပါတယ်။ အဲဒါဟာ Meizu Pro 6 Plus နဲ့ တူညီပါတယ်။

ပုံကြမ်းမှာ မပါတာကတော့ လက်ဗွေရာ အာရုံခံ ကိရိယာရဲ့ တည်နေရာ ဖြစ်ပါတယ်။ အဲဒီကိရိယာဟာ Meizu M6S မှာလို ဘေးဘက်မှာ တပ်ဆင်ထားနိုင်ပါတယ်။ ဒါမှမဟုတ် စကရင်အောက်မှာ သူ့ကို မြှပ်နှံထားနိုင်ပါတယ်။ ဒီလို စကရင်အောက် လက်ဗွေရာအာရုံခံ ကိရိယာ မြှပ်နှံထားတဲ့ စမတ်ဖုန်းကို Vivo က မကြာခင်မှာ မိတ်ဆက်တော့မယ်လို့လည်း သတင်းထွက်နေပါတယ်။

Meizuရဲ နှစ်ပတ်လည် စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ အခြား သတင်းအချက်အလက်များကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် China’s Spring Festival မှာ ပိုမို သိလာရနိုင်ပါတယ်။ တရုတ်ယွမ် ၃၅၉၉ သို့မဟုတ် ဒေါ်လာ ၅၆၀ ၀န်းကျင် ကျသင့်နိုင်ပါတယ်။Meizu တည်ထောင်သူ Jack Wong က သူ့ကို မတ်လမှာ ရောင်းချပေးမယ်လို့ ပြောထား ပါတယ်။

kk(SIL)

Be the first to comment

Leave a Reply

Your email address will not be published.


*