
Motorola ဟာ Moto X4 ရဲ့ဗားရှင်းသစ်ကို ပွဲထုတ်ကြေညာလာခဲ့ပြီး သူ့မှာ RAM6GB ပါဝင်တဲ့အပြင် နောက်ဆုံး Google OS ဖြစ်တဲ့ Android 8.0 Oreo အသုံးပြုလာပါတယ်။
Motorola Moto X4 မှာ Android Oreo အသုံးပြုထားတာနဲ့အညီ အသုံးပြုနိုင်မယ့် စနစ်သစ်တွေ ပါဝင်လာပါမယ်။ Smart Text Selection ၊ Split-Screen App တို့အပြင် ဘက်ထရီ ပိုပြီးတော့ အသုံးခံလာပါမယ်။ အခုကြေညာလာတဲ့ Moto X4 မှာ RAM6GB နှင့် Oreo သုံးထားတာကလွဲရင် ကျန်တဲ့အချက်တွေက အော်ရီဂျင်နယ်ဗားရှင်းနှင့်အတူတူ ဖြစ်ပါတယ်။
Moto X4 က မျက်နှာပြင် ၅.၂ လက်မဖြစ်ပြီး 1080×1920 p ရုပ်ထွက်နှင့်ထောက်ပံ့ထားပါတယ်။ Corning Gorilla Glass 3 မှန်သုံးထားပြီး lP68 ရရှိထားတာကြောင့် ရေစိမ်ခံနိုင်ပါတယ်။ Snapdragon 630 နှင့် ပါဝါထောက်ပံ့ထားပါတယ်။ ကျောဘက်ကင်မရာနှစ်ခု ပါဝင်ပြီး 12MP+8MP ဖြစ်ပါတယ်။ ရှေ့ကင်မရာက 16MP ဖြစ်ပါတယ်။ ဘက်ထရီ 3000 mAh ပါဝင်ပြီး 15W ဖြင့် အလျှင်အမြန် အားသွင်းနိုင်ပါမယ်။ လက်ရှိအချိန်မှာ အသစ် ကြေညာလာတဲ့ Moto X4 ဗားရှင်းသစ်ကို အိန္ဒိယဈေးကွက်မှာ စတင် ရောင်းချသွားပါမယ်။ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။ ဈေးနှုန်းက ဒေါ်လာ ၃၉၃ သတ်မှတ်ထားပါတယ်။
ကေကေ(ရွှေအင်းလေး)
Leave a Reply