
အမျိုးသမီးများအတွက် ရာသီလာခြင်းဟာ သွေးမဆုံးခင်အထိတော့ ခံစားနေရဦးမှာပါပဲ။ ရာသီစက်ဝန်းဟာ အမျိုးသမီးများအတွက် သားဥတည်ခြင်းကို ညွန်းပြနေပြီး တစ်ချိန်မှာ ကလေးမွေးဖွားခြင်း လုပ်ငန်းစဉ်ကို ဆောင်၇ွက်နိင်ရန် သားအိမ်ကို ပြင်ဆင်ခြင်းအပေါ်လည်း သက်ရောက်ပါတယ်။
ရာသီလာတဲ့အခါမှာ ဗိုက်အောင့်ခြင်း၊ ပြင်းထန်စွာ နာကြင်ကိုက်ခဲခြင်း စသည်တို့ကို ခံစားရလေ့ ရှိပါတယ်။ ဒီလိုအချိန်ကာလမှာ စိတ်ပိုင်းဆိုင်ရာမှာလည်း အထိခိုက်မခံနိုင်၊ စိတ်မကြည်လင်တာမျိုးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရာသီစက်ဝန်းကာလကို တတ်နိုင်သလောက် မြန်မြန် ပြီးဆုံးစေချင်ကြပါတယ်။ ဒီ့အတွက်ကြောင့် နာကြင်မှုသက်သာပြီး အတတ်နိုင်ဆုံး ရက်တိုစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ရာသီစက်ဝန်းချိန် ကိုက်ခဲနာကြင်မှု သက်သာစေတဲ့ အကိုက်အခဲပျောက်ဆေးများကို ကြိုတင် ဆောင်ထားပါ။
၂။အမျိုးသမီးများအတွက် ရည်ရွယ်ထားတဲ့ period tracker application တစ်မျိုးမျိုးကို ဖုန်းတွင် install လုပ်ထားပါ။ ပြီးလျှင် မိမိရဲ့ ရာသီအချိန်အခါကို စောင့်ကြည့်မှတ်ထားပါ။
၃။နို့နှင့်နို့ထွက်ပစ္စည်း စားသောက်ဖွယ်ရာများကို ရာသီလာစဉ်အတွင်း တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
၎။အရက်ကိုတော့ လုံးဝ မသောက်ပါနှင့်။
၅။မကြာခဏ မျက်နှာသစ်ပါ။
၆။ဆားကို လျှော့စားပါ။
၇။ရာသီချိန် နည်းလိုလျှင် သန္ဓေတားဆေးကို သုံးပါ။
၈။ တတ်နိုင်သမျှ ချစ်ပါ။ ဓမ္မတာကာလအတွင်း ချစ်သူနှင့် ချစ်ချစ်ခင်ခင်နေခြင်းက ရာသီချိန် ဖြစ်တတ်သော နာကြင်မှုဒဏ်ကို သိသိသာသာ လျော့နည်းစေတယ်လို့ ဆိုပါတယ်။
၉။ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းများ ပြုလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို အားနည်းခြင်းမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
CHAN (ရွှေအင်းလေး)
Leave a Reply