ကင်မရာလေးလုံးပါတဲ့ Honor 9 Lite ကို ဥရောပမှာ ရောင်းချ

HUAWEI အနေနဲ့ အိန္ဒိယနဲ့ တရုတ်မှာ Honor 9 Lite ကို ရောင်းချပေးထားပါတယ်။ အခုတော့ ကင်မရာလေးလုံးပါတဲ့ အဲဒီ ဖုန်းကို အနောက် ဥရောပနိုင်ငံများမှာပါ ရောင်းချပေးလိုက်ပါတယ်။ သူဟာ တရုတ်မှာတော့ ဒီဇိုင်း ဆန်းသစ်ခြင်း၊ ဓါတ်ပုံ ဖန်ရှင်များ ကောင်းခြင်းနဲ့ ဈေးနှုန်းချိုသာခြင်းများကြောင့် လူကြိုက်များပါတယ်။

Honor 9 Lite မှာ ၅.၆၅ လက်မ 18:9 Screen တပ်ဆင်ထားပြီး FullHD+ Resolution ဖြစ်ပါတယ်။ အနောက်ဘက်နဲ့ အရှေ့ဘက်မှာ 13MP+2MP Camera နှစ်လုံးစီ တပ်ဆင်ထားပြီး ကင်မရာများက Full HD Video များကို ရိုက်ကူးနိုင်ပါတယ်။ကင်မရာများမှာ PDAF, HDR, Digital Zoom, Panorama 3D Beauty , Bokeh Effect များ ထည့်သွင်းထားပါတယ်။
Honor 9 Lite မှာ 2.36GHz Octa-Core CPU တပ်ဆင်ထားတဲ့ Kirin 659 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 3GB RAM / 32GB Storage နဲ့ 4GB RAM/ 64GB Storage များ ရွေးချယ်နိုင်ပါတယ်။ microSD Card Slot ပါပြီး 256GB အထိ တိုးမြှင့်နိုင်ပါတယ်။ Android Oreo အခြေပြု နောက်ဆုံးထုတ် Emotion UI ထည့်သွင်းထားပါတယ်။

3000mAh ပါပြီး လျှင်မြန်စွှာ အားသွင်းနိုင်တဲ့ နည်းပညာပါပါတယ်။ 3/32GB Model ကို ယူရို ၂၂၉ သတ်မှတ်ထားပါတယ်။ အနက်၊ အပြာနဲ့ အညိုရောင်များ ရွေးချယ်နိုင်ပါတယ်။

ကေကေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*