Latest post

ZTE Blade V9 အား MWC 2018 ၌ ကြေညာမည်ဟုဆို

ZTE အနေနဲ့ သူတို့ရဲ့ အသစ်ထွက်မယ့် စမတ်ဖုန်းပတ်သတ်တဲ့ အချက်အလက်တချို့ 2017 ဒီဇင်ဘာလမှာ ပေါက်ကြားခဲ့ပါတယ်။ အသစ်ထွက်မယ့် စမတ်ဖုန်း Blade V9 ပေါက်ကြားမှုနှင့် ကြုံတွေ့ခဲ့ရပြီး စပိန်ရှိ တရားဝင် website မှ ပေါက်ကြားခဲ့တာဖြစ်ပါတယ်။ သူတို့အနေနဲ့ အလျင်အမြန်ဖယ်ရှားခဲ့သော်လည်း ပုံရိပ်နှင့် spec များကိုတော့ စောင့်ကြည့်သူတွေက သိရှိသွားကြပါပြီ။ အခုတော့  Blade V9 အား MWC ပွဲတွင် တရားဝင်ကြေညာတော့မည်ဟု သိရပြီး အဆိုပါဖုန်းဟာ ဈေးသက်သာမည်ဖြစ်ကြောင်း သိရပါတယ်။ Blade အမှတ်တံဆိပ်ဖုန်းများမှာ ထိုကဲ့သို့ပင် ဈေးသက်သာလေ့ ရှိပါတယ်။ Blade V9 သည် ZTE ဖုန်းများထဲတွင် ပထမဆုံးအဖြစ် 18:9 touchscreen ပါဝင်ခဲ့ပြီး mid-range များတွင် တွေ့ရများလာသော ပုံစံဖြစ်လာခဲ့ပါတယ်။

မျက်နှာပြင် 5.7” အရွယ် display ပါဝင်ပြီး 1080 x 2160 resolution ရှိ LCD အမျိုးအစား display ကို သုံးထားပါတယ်။ ပရိုဆက်ဆာကိုတော့ Qualcomm ၏ Snapdragon 450 chipset အား 2,3 (သို့) 4GB RAM တို့ဖြင့် ပူးတွဲထားခဲ့ပြီး built-in storage မှာလည်း 16,32 (သို့) 64 GB ရွေးနိုင်မည်ဖြစ်ပါတယ်။ Blade V9 တွင် dual-camera ပါဝင်ပြီး 16 MP + 5 MP ဖြစ်မယ့်အပြင် Selfie မှာ 13 MP ဖြစ်ပြီး 3200mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ Fingerprint scanner အား ကျောဘက်တွင် တွေ့ရမှာ ဖြစ်ပါတယ်။

ကေကေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*