
မော်ဒယ်လ်လောကမှာ နေရာတစ်နေရာ ရရှိနေပြီဖြစ်တဲ့ မော်ဒယ်လ် မိုးမာန်နဲ့ မေရတီဇော်တို့ နှစ်ယောက်ကတော့ ချစ်သူများနေ့ကို ထူးထူးခြားခြားဖြတ်သန်းလိုက်ကြပါတယ်။ သူများတွေနဲ့ မတူပဲ ချစ်သူများနေ့မှာ အားကစားအတူတူလုပ်ရင်း ကုန်ဆုံးခဲ့တာပါ ချောကလက်တွေ ပန်းစည်းတွေအစား Gym အတွက် လိုအပ်တဲ့ energy အားဆေးတွေကို မိုးမာန်က သူ့ချစ်သူ မေရတီဇော်ကို ပေးခဲ့တာပဲ ဖြစ်ပါတယ်။
“V.dayမှာရောက်လာတာChocolateတွေများလားပေါ့ ကြည့်လိုက်တော့ Amino Energyဖြစ်နေတယ် ကြောင်ပီး အါ့တာကဘာလုပ်ရမှာလဲဆိုတော့ ချော့ကလတ်တွေစားရင် ချောင်းဆိုးပီး ဝိတ်တက်လိမ့်မယ် အဲ့တော့ဒါလေးသောက်ပီး Gym ကောင်းကောင်းဆော့ပါတဲ့ အကြီးကြီးဖြစ်အောင်ဆော့ပီး ကိုင်ပေါက်ဦးမယ်” ဆိုပြီး မော်ဒယ်လ် မေရတီဇော် သူမရဲ့  facebook စာမျက်နှာမှာ ရေးထားပါသေးတယ်။
ချစ်သူများနေ့ကို အများနဲ့မတူပဲ ထူးထူးခြားခြား ဖြတ်သန်းခဲ့ကြတဲ့ သူတို့စုံတွဲကို ပရိတ်သတ်တွေက သဘောကျခဲ့ကြပါတယ်။ ချစ်သူသက်တမ်း ကြာနေပြီဖြစ်ပြီး သူတို့စုံတွဲဟာ အနုပညာလောက လျှောက်လှမ်းပုံချင်းလည်းတူ အားကစားဝါသနာပါခြင်းလည်းတူနဲ့ ပရိတ်သတ်တွေ အားကျရတဲ့ ချစ်ဖို့ကောင်းကြတဲ့စုံတွဲပဲ ဖြစ်ပါတယ်။
Source: Moe Man’fb
KM (ShweInnLay)
Leave a Reply