Single Father နဲ့ Single Mother တွေဟာ ပျမ်းမျှသက်တမ်းထက်အသက်တိုနိုင်ကြောင်း သုတေသနပြုချက်သတိပေး

အိမ်ထောင်ရေး အဆုံးသတ်ပြီးတဲ့နောက်မှာ မိခင်၊ ဖခင်တစ်ဦးတည်းကသာ သားသမီးထိန်းသိမ်း စောင့်ရှောက်နေတဲ့ မိဘတွေဟာ သာမန်ပျမ်းမျှသက်တမ်းထက်ကို လျော့ကျပြီး သက်တမ်း လျော့ ကျနိုင်လိမ့်မယ်လို့ သုတေသနပြုစစ်တမ်းကောက်ချက်အသစ်တွေမှာ ဖော်ပြထားပါတယ်။  Single Father နဲ့ Single Mother တို့ဟာ သာမန်ထက် အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ အခွင့်အရေးနည်းပါး တယ်လို့ သိရပါတယ်။

သုတေသနပြုသူတွေရဲ့ စစ်တမ်းကောက်ချက်တွေဟာဆိုရင် ၁၁ နှစ်အတွင်း ကနေဒါနိုင်ငံတစ်လွှား က လူပေါင်း ၄ သောင်းကျော်ထံမှ စစ်တမ်းကောက်စာရင်းယူခဲ့တာဖြစ် ကာ အဲ့ဒီ စာရင်းထဲမှာဆိုရင် Single Mother ဦးရေဟာ ၄၅၀၀ ကျော်ပါဝင်ပြီးတော့ Single Father အရေအတွက်က ၁ ထောင်နီး ပါး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စစ်တမ်းကောက်ယူချက်ရဲ့ ၇၀၀ နီးပါး အရေအတွက်ဟာ သုတေသနပြုစစ်တမ်းကောက်ပြီးချိန်မှာ သေဆုံးသွားခဲ့တာမျိုးတွေလည်း ရှိတယ်လို့သိရပါတယ်။ သေဆုံးမှုဟာဆိုရင်လည်း သာမန်ထက်ကို ပိုပြီး သုံးဆမြင့်တက်ကာ Single Father ၊ Single Mother တွေဟာ အရွယ်မတိုင်မီ စောစီးစွာသေဆုံး နိုင်တယ်လို့ သိရပါတယ်။

ဒါဟာ သူတို့တွေရဲ့ အိမ်ထောင်ရေးအဆုံးသတ်မှုကနေ စတင်ကာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုပြဿနာ တွေနဲ့ နောက်ပိုင်းအချိန်တွေက ဖြစ်ပေါ်လာတဲ့ ပြဿနာ၊ သားသမီးနဲ့ တစ် ကိုယ်တည်းဖြတ်သန်းကာ ထိန်းကျောင်းနေတဲ့ စိတ်ခံစားမှု၊ လုပ်ငန်းခွင်ခံစားချက် ပြဿနာတွေကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာ ရေး ပြဿနာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ကိုယ်တည်း ဖြတ်သန်းနေထိုင်တဲ့ Single Father တွေမှာဆိုရင်လည်း သူတို့တွေရဲ့ အိမ်ထောင် ကွဲပြီးသွားနောက် ပြောင်း လဲသွား တဲ့ ပုံစံ၊ ရပ်တည်မှု၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာခံစား ချက်တွေ ကနေ နောက်ထပ် အမျိုးသမီးအဖော်တွေကို ရှာဖွေဖို့အတွက် စိတ်ဆန္ဒဖြစ်ပေါ်မှုအားနည်းသွားတာ ကြောင့်လည်း စိတ်ပျော်ရွှင်မှုထွက်ပေါက်မရှိပဲ စိတ်ဖိစီးမှုပြဿနာတွေ နဲ့လှောင်ပိတ်နေတဲ့ အခြေအ နေတွေကြောင့်လည်း ဖြစ်ပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*