Latest post

လူသိနည်းကြတဲ့ စပါးလင် အကျိုးကျေးဇူး ၇ ခု

စပါးလင်မှာ အံ့ဖွယ်ကောင်းကျိုးတွေရှိနေတယ်ဆိုတာ သိပြီးပါပြီလား ။ စပါးလင်ဟာ ဗီတာမင်နှင့် သတ္တုဓါတ်တွေများစွာပါဝင်ပြီး ကျန်းမာရေးအတွက် ကောင်းကျိးများစွာ ရှိနေပါတယ်။

၁။အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

စပါးလင်မှာပါဝင်တဲ့ antiseptic compound က အစာခြေလမ်းကြောင်းရှိ မကောင်းသောဘတ်တီးရီးယားနှင့် ကပ်ပါးကောင်များကို သေစေကာ အူတွင်းရှိ ကောင်းမွန်တဲ့ ဘတ်တီးရီးယားများကို ပြန်လည်ဖြစ်တည်စေပါတယ်။ အစာခြေစနစ်ကောင်းမွန်တဲ့အတွက် အစာမကြေခြင်း ၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊အစာအိမ်နာခြင်း၊ ပျို့အန်ခြင်းနှင့် အခြား အစာအိမ်ပြဿနာများမှ ကင်းဝေးစေပါလိမ့်မယ်။ အချို့ဆိုလျှင် အစာခြေစနစ်ကောင်းမွန်ဖို့ရာ စပါးလင်ကို နေ့စဉ် ဖျော်သောက်လေ့ရှိကြပါတယ်။ သို့သော် ကလေးငယ်များကိုတော့ မတိုက်ဖို့ သတိထားရပါမယ်။

၂။ကိုလက်စထရောlevel ကိုထိန်းချုပ်ပေးခြင်း

အူတွင်းမှာရှိတဲ့ မကောင်းသော ကိုလက်စထရောတွေကို စပါးလင်က စုပ်ယူကာ လျှော့ချပေးနိုင်ပါတယ်။ နောက်ပြီး စပါးလင်မှာပါဝင်တဲ့ မြင့်မားတဲ့ ပိုတက်စီယမ်ဓါတ်က သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်စေပါတယ်။ နေ့စဉ် စပါးလင်ကို ဖျော်ရည်ကဲ့သို့ သောက်မယ်ဆိုလျှင် ကိုလက်စထရော Level နှင်း သွေးပေါင်ချိန်ကို လျှော့ချပေးပါတယ်။ သွေးတိုးရှိသူများ သောက်သင့်တဲ့ အရာတစ်ခုပါ။

၃။အဆိပ်အတောက်များသန့်စင်ပေးခြင်း

စပါးလင်လက်ဖက်ရည်ကို ပုံမှန်သောက်မယ်ဆိုလျှင် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ စပါးလင်က ဆီးရွှင်စေတဲ့ သဘာဝရှိပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက် နှင့် ကိုလက်စထရောတွေကို ဆီးသွားရင်းမှတဆင့် ဖယ်ရှင်းပေးကာ ဆီးသွားတဲ့ကြိမ်နှုန်း နှင့် ပမာဏကိုလည်း များစေပါတယ်။ ဒါ့အပြင် သန့်စင်ပေးတဲ့ အကျိုးအားကြောင့် အသည်း၊ကျောက်ကပ်၊ဆီးအိမ်နှင့် ပန်ကရိယကိုလည်း သန့်စင်ပေးပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။

၎။အအေးမိဖျားနာကို ကုသပေးနိုင်ခြင်း

စပါးလင်မှာပါဝင်တဲ့ antibacterial နှင့် antifungal စွမ်းအင်များက ချောင်းဆိုး၊အအေးမိ၊ဖျားနာများကို ပျောက်ကင်းစေပါတယ်။ ဗီတာမင်စီ ပါဝင်လို့ ကိုယ်တွင်းစနစ်ကို ကျန်းမာစေပြီး တော်ရုံဖျားနာမှုများမဖြစ်အောင် ကာကွယ်ပေးပါတယ်။ စပါးလင်ဆီကို ကြွက်သားနှင့် အရိုးအဆစ်နာကြင်မှုများအတွက် ကုသမှုပေနိုင်သလို  အအေးမိဖျားနာခြင်းကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲ ခေါင်းမူးခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

၅။ကင်ဆာကိုတိုက်ဖျက်ပေးခြင်း

အစ္စရေးလ်နိုင်ငံရှိ Ben Gurion တက္ကသိုလ်၏ လေ့လာတွေ့ရှိမှုအရ စပါးလင်ဟာ ကင်ဆာကို တိုက်ထုတ်နိုင်တယ်လို့ ဆိုပါတယ်။ အစ္စရေးလ်ရှိ ကင်ဆာရောဂါသည်များကိုလည်း ကုသမှုခံယူနေစဉ်အတွင်းမှာ စပါးလင်ရေနွေးကြမ်းကို သောက်သုံးစေခြင်းဖြင့် ကုသမှုတွေ ပေးတယ်လို့ သိရပါတယ်။

၆။နို့တိုက်မိခင်များအတွက် ကော်းကျိုးရှိစေခြင်း

စပါးလင်ဟာ နို့တိုက်ကျွေးနေရသော မိခင်များအတွက် ကောင်းကျိုးများစွာ ရှိပါတယ်။ နို့ထွက်မှုကောင်းစေပြီး သူ့မှာပါဝင်တဲ့ အခြားစွမ်းအင်တွေက ရင်သွေးအပေါ် ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပြီး ကျန်းမာစေပါတယ်။ ဒါ့ကြောင့် စပါးလင်ရေနွေးကြမ်းကို နို့တိုက်မိခင်များအနေဖြင့် နေ့စဉ် တစ်ခွက် မှ နှစ်ခွက်အထိ သောက်သုံးပေးသင့်ပါတယ်။

မှတ်ချက်။ ။ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ စပါးလင်ကို ရှောင်သင့်ပါတယ်။

၇။စိတ်ဖိစီးမှုကိုဖယ်ရှားပေးနိုင်ခြင်း

စပါးလင်ရေနွေးကြမ်းကို ပုံမှန်သောက်သုံးခြင်းဖြင့် စိတ်ဖိစီးမှု၊စိတ်ရှုပ်ထွေးမှု၊ပင်ပန်းနွမ်းနယ်မှု၊ စသဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများမှ ကင်းဝေးစေနိုင်ပါတယ်။

CHAN (ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*