Always on Display နဲ့ 4000 mAhဘက်ထရီတပ်ဆင်ထားမယ်ဆိုတဲ့ Huawei P20 Plus

Huawei ဟာ သူတို့ရဲ့ ၂၀၁၈ ခုနှစ်ရဲ့ ပထမဆုံးအဆင့်မြင့် စမတ်ဖုန်း စီးရီး Huawei P20 စီးရီးကို MWC 2018 မှာမိတ်ဆက်သွားမှာ မဟုတ်ဘဲ ကိုယ်ပိုင်ပွဲတစ်ခု ပြုလုပ်ပြီး မတ်လ ၂၇ ရက်နေ့မှာ ပြင်သစ်မှာ မိတ်ဆက်သွားပါမယ်။ ယင်းပွဲမှာ Huawei ဟာ Huawei P20 ၊ Huawei P20 Plus နှင့် Huawei P20 Lite တို့ကို မိတ်ဆက်လာမှာ ဖြစ်ပါတယ်။

ယနေ့မှာ Huawei P20 Plus (Pro) နှင့်ပတ်သက်ပြီး သတင်းတွေ ပေါက်ကြားလာခဲ့ပါတယ်။ အဲဒါကတော့ Huawei P20 Plus မှာ ဘက်ထရီ 4000 mAh နှင့် Always on Display စနစ် ပါဝင်လာမယ်ဆိုတာပါ။ Always on Display စနစ် ပထမဆုံး ပါဝင်တဲ့ Huawei ဖုန်းကတော့ Huawei Mate 10 Pro ဖြစ်ပါတယ်။ ဒါကြောင့် Always on Display စနစ်ကို Huawei P20 Plus မှာလည်း ထည့်သွင်းဖို့ Huawei တို့ ဆုံးဖြတ်ခဲ့တာ သိပ်တော့ အံ့သြစရာ မရှိပါဘူး။

Huawei ဟာ ယမန်နှစ်ထွက် P10 Plus မှာ ဘက်ထရီ 3750 mAh ထည့်သွင်းခဲ့ပါတယ်။ ယခုနှစ်ထွက် P20 Plus မှာ ဘက်ထရီ 4000 mAh အထိ ထည့်သွင်းလာမှုကလည်း အံ့သြစရာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Huawei P20 Plus မှာ OLED ရုပ်ထွက်သုံးလာမှာ ဖြစ်လို့ ဘက်ထရီ စားသုံးမှုကလည်းမြင့်မားလာပါမယ်။ Huawei ဟာ P20 Plus ကို Kirin 970 နှင့် ပါဝါထောက်ပံ့လာမှာ ဖြစ်ပြီး ဒီဖုန်းမှာ ကင်မရာ သုံးလုံး ပါဝင်လာပါမယ်။

Huawei အနေနဲ့ သူတို့ရဲ့ sub brand လို့သတ်မှတ်ထားတဲ့ Honor စမတ်ဖုန်းတွေကိုလည်း India နဲ့အခြားအာရှနိုင်ငံတွေမှာ ဈေးကွက်ရရှိအောင် စွမ်းဆောင်နေလျက်ရှိနေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*