LG Q6 Review: 7 Winning Features

LG ရဲ့ G6 အငယ်စားလေးလို့  သတ်မှတ်ထားတဲ့ Q6 ဟာ အတော်အတန့်သင့်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ စေျးနှုန်းအရလည်း သင့်တင့်တယ်လို့ ဆိုနိုင်ပါတယ်။ Q6 ရဲ့အကောင်းစား လုပ်ဆောင်ချက် ၇ခုက ဘာတွေလည်း လေ့လာကြည့်ရအောင် . . . . . . .

FULL VIEW DISPLAY

LG Q6 မှာ Edge-To-Edge Display ကိုအသုံးပြုထားတာကြောင့် ဗီဒီယို ကြည့်တာ ဒါမှမဟုတ် ဓာတ်ပုံရိုက်တဲ့အခါတွေမှာ Full Vision Display ကိုအပြည့်အ၀ ခံစားရစေမှာပါ။ ဒါ့အပြင် ကျယ်ဝန်းတဲ့ မျက်နှာပြင်မှာ Social Platform တစ်ခုဖြစ်တဲ့ Facebook အသုံးပြုတဲ့အခါ ပုံရိပ်တွေကို Full Vision နဲ့မြင်တွေ့နိုင်တဲ့ ခံစားမှုကိုပေးစွမ်းနိုင်ပါတယ်။ မျက်နှာပြင်အကျယ်အ၀န်း ၅.၅လက်မ ရှိတဲ့ Screen မှာ ရုပ်သံကြည်လင်ပြတ်သားစွာ ကြည့်နိုင်ဖို့အထောက်အပံ့ပေးထားတဲ့ Resolution ကတော့ 1080 x 2160 Pixels ရှိပါတယ်။ ဒီလို အထောက်အပံ့ပေးထားတဲ့ Resolution မှာပုံရိပ်တွေ ဖြာမထွက်ဖို့အတွက် ထည့်သွင်းပေးထားတဲ့ Pixel ပမာဏကတော့ တစ်လက်မမှာ 442 ppi ရှိပါတယ်။ရုပ်ထွက်ကို Gorilla Glass 3 မှန်နှင့် အကာအကွယ်ပေးထားပါတယ်။

SNAPDRAGON 435 ပရိုဆက်ဆာ

စမတ်ဖုန်းထဲမှာ ပါတဲ့ Apps တွေကိုအသုံးပြုတဲ့အခါမြန်ဆန် လွယ်ကူချောမွေ့စေရန်အတွက် Qualcomm MSM8940 Snapdragon 435 Chipset နဲ့ Octa core 1.4GHz Cortex – A53 CPU တို့ကိုအသုံးပြုထားပါတယ်။ စမတ်ဖုန်းမှာ ရုပ်ထွက်ကြည်လင်ပြတ်သားဖို့အထောက်အပံ့ပေးထားတဲ့ Graphic Processing Unit ကတော့ Adreno 505 ပါ။။ ဘာပဲဖြစ်ဖြစ် သာမန် အသုံးပြုသူများအတွက် လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။

ANDROID 7.1.1

LG Q6 မှာ Android 7.1.1 Nougat အခြေခံ LG ရဲ့ UX 6.0 အသုံးပြုထားပါတယ်။ LG G6 နဲ့ ဆော့ဝဲလပ်ပိုင်း အတူတူ ဖြစ်ပါတယ်။ ဆော့ဝဲလ်ပိုင်းနဲ့ပတ်သက်ပြီး အသုံးပြုသူတွေ ကျေနပ်မှု ရရှိဖို့ သေချာပါတယ်။ LG Q6 မှာ microUSB အသုံးပြုထားပါတယ်။ USB Type C မသုံးတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ LG Q6 မှာ ဘက်ထရီ 3000 mAh ပါဝင်ပါတယ်။ အလျှင်အမြန် အားသွင်းစနစ် မပါဝင်ပါဘူး။ ဒါပေမယ့် ၅၀ ရာခိုင်နှုန်း အားသွင်းဖို့ ၄၅ မိနစ်ပဲ အချိန်ယူရတာကြောင့် မဆိုးဘူးလို့ ပြောရပါမယ်။

13MP ကင်မရာ

အဓိကပါဝင်တဲ့ ကင်မရာရဲ့စွမ်းဆောင်ရည်ကတော့ 13MP ရှိပြီး f/2.2 ၊ Autofocus ၊ LED Flash တို့ပါဝင်ပြီး Features တွေအနေနဲ့ Geo-Tagging ၊ Touch Focus ၊ Face Detection ၊ Panorama စတဲ့ Features တွေပါဝင်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်တဲ့ စွမ်းဆောင်ရည်ကတော့ 1080p ရှိပြီး တစ်စက္ကန့်မှာ ဖရိမ် ၃၀ခန့်ရိုက်ကူးနိုင်ပါတယ်။ Selfie ရိုက်ကူးနိုင်တဲ့ ကင်မရာကတော့ 5MP ရှိပါတယ်။ Q6 မှာ သီချင်းနားထောင်တဲ့အခါ သီချင်းအပေါ်လိုက်ပြီး အသံဆူညံမှုကို ထိန်းညှိပေးတဲ့စနစ်ပါဝင်ပါတယ်။

FACE RECOGNITION

လက်ဗွေရာစနစ် မပါဝင်ပါဘူး။ ဒါပေမယ့် LG ဟာ ဖုန်းလုံခြုံရေးအတွက် မျက်နှာစကင်စနစ် ထည့်သွင်းပေးထားပါတယ်။ ကောင်းမွန်တဲ့ အစားထိုး သုံးစွဲမှု တစ်ခု ဖြစ်ပါတယ်။ Face Recognition စနစ်ပါတယ်ဆိုတော့လုံခြုံမှု ရှိလားဆိုတာ မေးစရာတောင်မလိုပါဘူး။ မျက်နှာမြင်လိုက်တာနဲ့ တုံ့ပြန်မှုကောင်းတဲ့ sensor ကြောင့် သင့်ဖုန်းကို လုံခြုံမှု အပြည့်ပေးနိုင်တယ်ဆိုတာ အသေအချာပါပဲ။ Setup လုပ်ရတာလည်း လွယ်ကူမြန်ဆန်ပါတယ်။

MIL STD 801G

LG Q6 မှာ အသုံးပြုထားတဲ့ ပလတ်စတစ် ဖြစ်ပါတယ်။ အလွယ်တကူ အစင်းရာပေါ်စေတာ တွေ့ရပါတယ်။ သို့ပေမယ့် အခြားစွမ်းဆောင်ချက်တစ်ခုကတော့ အားရစရပါ။ ဖုန်းရဲ့အကြမ်းခံနိုင်စွမ်းအတွက် စစ်ဘက်ဆိုင်ရာအဆင့် ၁၄မျိုးနဲ့ စမ်းသပ်ထားတာဖြစ်ပါတယ်။ ဒီစမ်းသပ်မှု တွေထဲမှာ အပူချိန်၊သဘာဝပတ်ဝန်းကျင်ဒဏ်၊ ဖိအားတုန်ခါမှုနဲ့ဆောင့်မိတာ ခံနိုင်စွမ်း၊ ဆား၊သဲ၊မြေမှုန်နဲ့ ရေနစ်မြုပ်ခြင်းဆိုတဲ့ ဒဏ်ခံနိုင်မှုတွေမှာ စစ်ဘက်ဆိုင်ရာအဆင့် 810G ထိစမ်းသပ်အောင်မြင် ထားတာဖြစ်ပါ တယ်။

Dual-Sim

SlM ကတ်နှစ်ကတ် သုံးနိုင်ပါမယ်။ အခြားစမတ်ဖုန်းတွေလိုမျိုး SD card ထည့်လိုက်မယ်ဆိုရင် နောက်ထပ်ဆင်းကတ်တစ်ခုထပ်သုံးလို့ မရတဲ့ပုံစံမျိုးမဟုတ်တာကြောင့် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာဆိုပြီး အကောင်းဆုံးခွဲခြားနိုင်ပါလိမ့်မယ်။ LG Q6 မှာ Storage 32GB ပါဝင်ပါတယ်။ မလုံလောက်ရင် microSD မှ တစ်ဆင့် ထပ်မံ တိုးမြှင့်နိုင်ပါတယ်။

ကေကေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*