ဘောလီးဝုဒ်ကြယ်ပွင့် နာမည်ကျော်မင်းသမီး Sridevi နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်

ဘောလီးဝုဒ်က နာမည်ကျော် ဘောလီးဝုဒ်ကြယ်ပွင့်မင်းသမီး  Sridevi ဟာ နှလုံးရောဂါနဲ့ ရုတ်တ ရက်ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ကွယ်လွန်သွားချိန်မှာ မင်းသမီးဟာ ဒူဘိုင်းမှာကျင်းပတဲ့ မိသားစုမင်္ဂလာပွဲတစ်ခု တက်ရောက်နေချိန်ဖြစ်ပြီးတော့ ခင်ပွန်းဖြစ်သူ Boney Kapoor နဲ့  သမီးဖြစ်သူ Khushi တို့လည်း အတူရှိနေခဲ့ကြတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။

Sridevi ရဲ့ ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့အတွက်ကြောင့် သူမရဲ့ ရုပ်ရှင်ချစ်ပရိတ်သတ်တွေနဲ့ အနုပညာအသိုင်းအဝိုင်းက သူတွေအတွက်တော့ အံ့အားသင့်ထိတ်လန့် ဝမ်းနည်းကြေကွဲစရာဖြစ် မှာပါပဲ။ ပြည်ပသို့ရောက်ရှိနေချိန်မှာကွယ်လွန်သွားခဲ့လို့ မိသားစုတွေကတော့ သူမရဲ့ ရုပ်အလောင်းကို နေရပ်သို့ ပြန်သယ်ဆောင်ဖို့နဲ့ အသုဘအခမ်းအနားပြုလုပ်ဖို့တွေ ပြင်ဆင်ကြဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

အသက် ၅၄ နှစ်အရွယ်ရှိတဲ့ ကြယ်ပွင့်မင်းသမီး Sridevi က အိန္ဒိယဘောလီးဝုဒ်ရုပ်ရှင်လောကမှာ ဆိုရင် လျှမ်း လျှမ်းတောက် အောင်မြင်ကျော်ကြားလာခဲ့တဲ့ သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်ပြီးတော့ သူမရဲ့အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေဟာ ကမ္ဘာတစ်လွှားက ရုပ်ရှင်ကြည့်ပရိတ်သတ်တွေရဲ့ အထူးနှစ် ခြိုက်အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ Sridevi ဟာ အသက် ၄ နှစ်အရွယ်ကတည်းက Tamil ၊ Telugu ၊ Malaylam ၊ Kannada ၊ Hindi အစရှိတဲ့ ဘာသာစကားလေးမျိုးပြောပြီး သရုပ်ဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူမဟာဆိုရင် ၁၉၇၈ ခုနှစ်မှာ ဘောလီးဝုဒ်ရုပ်ရှင်လောကမှာ ထိပ်ဆုံးရောက် အနုပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီးတော့ အိန္ဒိယရုပ် ရှင်ကြယ်ပွင့်တွေကြား အောင်မြင်မှုတွေအများဆုံးရရှိလာခဲ့တာဖြစ်ပါ တယ်။

အနုပညာအလုပ်လုပ်ကိုင်တဲ့သက်တမ်း ဆယ်စုနှစ် ၅ ခုအကြာမှာဆိုရင် ရုပ်ရှင်ပေါင်း ၁၅၀ ကျော်ကို သရုပ်ဆောင်ခဲ့ပြီးတော့ ကမ္ဘာတစ်လွှားက ပရိတ်သတ်တွေကြားမှာ သူမရဲ့အောင်မြင်တဲ့ ဘောလီး ဝုဒ်ရုပ်ရှင်တွေဖြစ်တဲ့ Mr India ၊ Chandni ၊ ChaalBaaz ၊ Sadma စသဖြင့် ရုပ်ရှင် ကားကောင်းတွေဟာ ပရိတ်သတ်ရင် ထဲကို စွဲကျန်ရစ်ခဲ့တဲ့ ဇာတ်ကားကောင်းတွေပဲ ဖြစ်ပါတယ်။

မေ(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*