LG Q6 ရဲ့ဘက်ထရီသက်တမ်းကို တိုးမြင့်နိုင့်မယ် နည်းလမ်း

စမတ်ဖုန်းတွေမှာ အဓိကအရေးကြီးတာကတော့ ဘက်ထရီသက်တမ်းပဲဖြစ်ပါတယ်။ ရုပ်ရှင်ကြည်နေတဲ့ အချိန်၊ဂိမ်းဆော့နေတဲ့
အချိန်တွေမှာ ဘက်ထရီအားကုန်သွား မယ်ဆိုရင် စိတ်ညစ်စရာပါ။ LG ရဲ့ Full View Display နဲ့ Q6 ဟာဆိုရင် ရုပ်ရှင်တွေ
ကြည့်တဲ့အခါမှာ မြင်ကွင်းကျယ်အတွေ့ကိုခံစားနိုင်မှာပါ။ မျက်နှာပြင်အကျယ်အ၀န်း ၅.၅လက်မ ရှိတဲ့ Screen မှာ ရုပ်သံကြည်လင်ပြတ်သားစွာ ကြည့်နိုင်ဖို့အထောက်အပံ့ပေးထားတဲ့ Resolution ကတော့ 1080 x 2160 Pixels ရှိပါတယ်။
3,000mAh non-removable မှာတပ်ဆင်ထားပါတယ်။ LG Q6 ရဲ့ဘက်ထရီသက်တမ်းကို တာရှည့်ခံအောင်ပြုလုပ်နိုင်မယ့်
နည်းလမ်းကို ဖော်ပြလိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို သုံးနိုင်ဖို့အတွက်ဖုန်းမှာ ထည့်သွင်းထားတဲ့အခြားလုပ်ဆောင်ချက်တွေကိုတော့ OFF လုပ်ထားရပါလိမ့်မယ်။

Slide down the top menu

လုပ်ဆောင်ချက်အားလုံးရဲ့အစလို့ဆိုနိုင်တာကတော့ ဖုန်းရဲ့အပေါ်ဘက်ကနေပြီး အောက်ကိုအနည်းငယ်ဆွဲလိုက်ပါ။ ဖုန်းရဲ့အလင်းရောင်အတိုး၊အလျော့လိုင်းကို မြင်ရပါလိမ့်မယ်။

Check the Auto checkbox

brightness ကိုလျောချခြင်းဖြင့် ဘက်ထရီအားကုန်တာကို သက်သာစေပါတယ်

Turn off Wi-Fi and Bluetooth

Wi-Fi နဲ့ Bluetooth ကိုပိတ်ထားခြင်းဟာ ဘက်ထရီအားပိုခံစေပါတယ်

Turn on Battery saver

Battery saver mode ကိုဖွင့်ထားခြင်းဟာဖုန်းကိုအနည်းငယ်နှေးစေနိုင်ပြီး မျက်နှာပြင်အလင်းရောင်ကိုပါလျောချပေးပါလိမ်မယ်

Turn off Location

GPS စနစ်ကိုပိတ်ထားခြင်းဟာ ဘက်ထရီအားကုန်တာကို ချွေတာပေးနိုင်ပါတယ်။ လုပ်ဆောင်ချက်ကို ပြန်သုံးချင်တယ်ဆိုရင်တော့ GPS ကိုပြန် On လိုက်ပါ

Recent apps

Recent apps ကိုသုံးပြီးတော့ ဖုန်းရဲ့နောက်ကွယ်ကနေ သက်ဝင်ဘက်ထရီစားသုံးနေတဲ့ App တွေကိုပိတ်ပစ်ပါ

Be the first to comment

Leave a Reply

Your email address will not be published.


*