အိပ်ချိန်နည်းတဲ့သူတွေမှာ ဖြစ်လာနိုင်တဲ့ ရောဂါ ၆ မျိုး

ဒီပို့စ်ကိုဖတ်ပြီး အိပ်ချိန်နည်းနေတဲ့ ကိုယ့်ကိုကိုယ်တောင် စိတ်ပူသွားမိတယ်…..

အိပ်စက်ခြင်းဟာ အလွန်ပျော်စရာကောင်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပေမယ့် အိပ်စက်နေချိန်မှာ ခန္ဓာကိုယ်တွင်းမှာ ဆဲလ်တွေပြန်လည်တည်ဆောက်မှု ၊ ကြီးထွားမှု နှင့် အခြားသော လုပ်ငန်းဆောင်တာတွေ အများကြီးကို လုပ်ဆောင်ပါတယ်။ အားအင်များကိုလည်း ပြန်လည်ထိန်းသိမ်းပေးပြီး ဟော်မုန်း ကိုထိန်းညှိပေးကာ ကိုယ်တွင်းဂေဟစနစ်ကောင်းမွန်အောင်လည်း လုပ်ဆောင်ပေးပါတယ်။

ဒါ့ကြောင့် အိပ်စက်ချိန်နည်းပါးလာတဲ့အခါမှာ ရောဂါဘယတွေက ဖြစ်လာနိုင်ပါတယ်။

၁။အယ်လ်ဇိုင်းမာရောဂါ

အိပ်စက်ခြင်းက ပင်ပန်းနေတဲ့ ဦးနှောက်ဆဲလ်တွေကို အနားပေးကာ ပြန်လည်ပြုပြင်ပေးပါတယ်။ အကယ်၍ ကောင်းစွာ အိပ်စက်မှုမရှိဘဲ အိပ်ချိန်နည်းနေခြင်းက စိတ်ယိုယွင်းမှုရောဂါဖြစ်တဲ့ အယ်လ်ဇိုင်းမာရောဂါကို ခံစားလာရနိုင်ပါတယ်။

၂။အဝလွန်ခြင်းနှင့် ဆီးချိုရောဂါ

လေ့လာမှုများအရ အိပ်စက်ချိန်နည်းခြင်းက အဝလွန်ခြင်းနှင့် အင်ဆူလင်ဓါတ်တွေကို မတည်မငြိမ်ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အိပ်ချိန် နည်းပါးသူတွေဟာ ကနဦး ဆီးချိုရောဂါ လက္ခဏာများကို ခံစားလာရနိုင်သလို အဝလွန်ခြင်းကိုပါ ဖြစ်လာစေနိုင်ပါတယ်။

၃။နှလုံးရောဂါ

နှလုံးရောဂါဟာ စားသောက်မှုပုံစံနှင့် လူနေမှုပုံစံများပေါ်တွင် အများကြီး မှီတည်နေပြီး အိပ်စက်ခြင်းလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ လေ့လာမှုတွေအရ အိပ်ချိန်နည်းတဲ့သူတွေဟာ ရုတ်တရက် နှလုံးထိခိုက်မှု Heat Attack ကို ပိုပြီး ခံစားရနိုင်ခြေ များပါတယ်။ နှလုံးထိခိုက်မှုကြောင့် နှလုံးကြွက်သားများကို သေစေနိုင်သလို ထိုမှတဆင့် လေဖြတ်ခြင်းအထိပါ ဖြစ်လာနိုင်ပါတယ်။

၎။မိမိကိုယ်ကိုယ်အဆုံးစီရင်ခြင်း

အိပ်ချိန်နည်းလာတာနဲ့အမျှ စိတ်ပိုင်ူးဆိုင်ရာမှာ ချို့ယွင်းလာပါတယ်။ ၂၀၁၄ ခုနှစ်၏ လေ့လာမှုအရ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတဲ့သူတွေမှာ အိပ်စက်ချိန်နည်းပါးနေတာကို သတိထား တွေ့ရှိရပါတယ်။ အဆိုးဆုံးအခြေအနေပါပဲ။

၅။နာတာရှည် အူမကြီးရောင်ရောဂါ

အူရောင်ခြင်းဖြစ်တဲ့ နာတာရှည်အူမကြီးရောင်ရောဂါဟာ အစာခြေလမ်းကြောင်းမှာ အနာဖြစ်တည်ခြင်း ဖြစ်ပါတယ်။ လေ့လာတွေ့ရှိမှုတွေ အိပ်စက်ချိန် ၆နာရီအောက် လျော့နည်းသူတွေမှာ ဒီလိုရောဂါမျိုးကို တွေ့ရှိရတတ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၉နာရီအထက် ကျော်လွန်အိပ်စက်သူတွေမှာလည်း အလားတူပင် ဖြစ်ပါတယ်။ ဆိုလိုသည်မှာ မှန်ကန်တဲ့ အိပ်စက်ချိန်မျိုး ဖြစ်ရမည်ဖြစ်ပြီး ထိုသို့အိပ်ခြင်းက အစာခြေလမ်းကြောင်းအတွင်း ရောင်ရမ်းနာကြင်မှုများကို လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။

၆။ဆီးကျိတ်ကင်ဆာ

လေ့လာမှုတွေအရ အိပ်စက်ခြင်းက သင်၏ဆီးကျိတ်ကို ကာကွယ်ပေးပါတယ်။ အိပ်စက်ချိန်နည်းခြင်း (သို့) အိပ်စက်ဖို့အတွက် အခက်အခဲရှိတတ်တဲ့ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*