Latest post

LG G6 Review

LG G6 မှာ ဘောင်ပျောက် မျက်နှာပြင်ကိုမြင်တွေ့ရမယ့်အပြင် ကင်မရာစွမ်းရည်ကောင်းမွန်တာကြောင့် အကောင်းဆုံးစမတ်ဖုန်း တစ်ခု အဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။ ကိုယ်ထည်အကြမ်းခံနိုင်မှု စံနှုန်း IP68 ရှိတာကြောင့် ရေအနက် ၁.၅ မီတာထိ ရေစိမ်ခံနိုင်ပြီး မိနစ် ၃၀ခန့်ရေစို ခံနိုင်တဲ့အပြင် ဖုန်းကိုယ်ထည်မှာ ဖုန်မှုန့်ကပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

ဒီဇိုင်း

ရုပ်သံတွေကို ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ဖို့အတွက် 1440 x 2880 Pixels အထောက်အပံ့ပေးထားတဲ့ G6 မှာ Pixel သိပ်သည်းဆ 564 ppi ရှိပါတယ်။ ဖုန်းအသုံးပြုသူတွေ မတော်တဆ ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ဖို့အတွက် စမတ်ဖုန်းမျက်နှာပြင်အရှေ့ဘက်ကို အကာကွယ်ပေးထားတာကတော့ Corning Gorilla Glass 3 ဖြစ်ပြီး LCD Type ကတော့ IPS LCD Capacitive Touchscreen အမျိုးအစားဖြစ်ပါတယ်။

အလေးချိန် ၁၆၃ ဂရမ် ရှိတဲ့ G6 ဖုန်းရဲ့ အနောက်ဘက်မျက်နှာပြင်ကို ပွန်းရာ ၊ ခြစ်ရာ စတဲ့ ပြင်ပရုပ်ပိုင်းဆိုင်ရာတွေကို ကာကွယ်ဖို့အတွက် အထောက်အပံ့ပေးထားတာကတော့Corning ကုမ္ပဏီရဲ့ မျိုးဆက်သစ် Gorill Glass 5 ပဲဖြစ်ပါတယ်။ Sim Card နှစ်ခု အသုံးပြုနိုင်တဲ့ အမျိုးအစားဖြစ်ပေမယ့် Hybrid Sim Slot တပ်ဆင်ထားတာကြောင့် Sim Card တစ်ခုတည်းပဲ အသုံးပြုမယ့်သူတွေအတွက် လွတ်တဲ့နောက်ထပ် Slot တစ်ခုမှာ Micro SD Card စိုက်ပြီး အသုံးပြုနိုင်ပါတယ်။

ကင်မရာ

LG ဟာ G6 ရဲ့ကင်မရာပိုင်းကို အရင်ကထွက်ရှိခဲ့ထက် စမတ်ဖုန်းတွေထက်သာလွန်ကောင်းမွန်အောင်အပြောင်းအလဲ ပြုလုပ်ထားပါတယ်။ စမတ်ဖုန်းနောက်ကျာဘက်မှာ ကင်မရာနှစ်ခုပါဝင်ပြီး 13 Megapixels ရှိပါတယ်။  ပုံရိပ်တွေကိုထိန်းညှိပေးနိုင်ပြီး F/1.8 Aperture နဲ့ F/2.4 Aperture ပါတာကြောင့် ထောင့်ကျယ်မြင်ကွင်းတွေကို အပြည့်အ၀ ရအောင် ရိုက်ကူးနိုင်ပါတယ်။ အရင်ဖုန်းတွေမျာ 8 Megapixels သာရှိခဲ့ပေမယ့် လက်ရှိကာလမှာ လူအများစုဟာ ဓာတ်ပုံရိုက်တဲ့အခါ နောက်ခံမြင်ကွင်းကျယ်ကိုပါ ထည့်သွင်းရိုက်ကူးတတ်တဲ့အတွက် 13 Megapixel Version ကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

G6 မှာ Auto Focus မပါပေမယ့် Focal Point ပါတာကြောင့် ကြီးကြီးမားမားကွဲပြားတာမျိုးတော့မရှိပါဘူး။ ဗီဒီယို ရိုက်ကူးနိုင်တဲ့စွမ်းရည်ကတော့ 2160p နဲ့ 1080p ဆိုပြီး နှစ်မျိုးရှိပါတယ်။ 2160p ဆိုရင် တစ်စက္ကန့်ကို ဖရိန်၃၀ခန့်ရိုက်ကူးနိုင်ပြီး 1080p ဆိုရင်တော့ ဖရိန် ၃၀ ကနေ ၆၀ ကြားရိုက်ကူးနိုင်ပါတယ်။ Selfie ရိုက်ကူးနိုင်တဲ့ ကင်မရာကတော့ 5 Megapixels ရှိပြီး f/2.2 နဲ့ 1080p ရှိပါတယ်။ 4K Video တွေကို ရုပ်ထွက်ကောင်းအောင် ရိုက်ကူးနိုင်ပါတယ်။ Mode ထဲကိုဝင်ရောက်ပြီးတော့လည်း မိမိနှစ်သက်ရာ ပုံစံနဲ့ ရွေးချယ်ရိုက်ကူးနိုင်ပါတယ်။

စွမ်းဆောင်ရည်

LG မှာ Android 7.0 (Nougat) Version Onboard အနေနဲ့ပါဝင်မှာဖြစ်ပြီး စမတ်ဖုန်းအသုံးပြုတဲ့အခါ  မြန်ဆန်စေဖို့အတွက် အထောက်အပံ့ပေးထားတာကတော့ Qualcomm Snapdragon 821 ဖြစ်ပါတယ်။ CPU အနေနဲ့ Quad Core  (2×2.35 GHz Kryo & 2×1.6 GHz Kryo) အသုံးပြုထားပါတယ်။ကြည်လင်ပြတ်သားတဲ့ရုပ်ထွက်ရရှိအောင် အထောက်အပံ့ပေးထားတဲ့ Graphic Processing Unit ကတော့ Adreno 530 ဖြစ်ပါတယ်။ Screen Resolution 1440 x 2880 Pixels ရှိတဲ့ LG G6 မှာ Dolby Vision HDR အထောက်အပံ့ပေးထားတာကြောင့် ဖုန်းနဲ့ Video ကြည့်တဲ့အခါ ရုပ်ထွက်ကောင်းမွန်စေမှာပါ။

ဒါ့အပြင် Wifi 802.11ac ၊ Bluetooth 4.2 ၊ Near Feature Communication ၊ GPS နဲ့ Wireless Charging တို့ကိုလည်း အထောက်အပံ့ပေးထားပါတယ်။ USB Port 3.1 ၊ Type-C Reversible Connector တို့ပါတဲ့အပြင် လက်ဆယ်ချောင်းလုံး အသုံးပြုနိုင်တဲ့ Fingerprint Sensor ကိုပါထည့်သွင်းပေးထားပါတယ်။ Built In RAM 4GB ပါဝင်ပြီး Onboard Storage အနေနဲ့ 32 GB ပါဝင်မှာဖြစ်ပါတယ်။  Built In ပါဝင်တဲ့ Memory ကိုမှ ထပ်တိုးအသုံးပြုချင်တယ်ဆိုရင်တော့ 256GB ထိတိုးမြှင့်အသုံးပြုနိုင်ပါတယ်။

အရင်ထွက်ရှိခဲ့တဲ့ G5 ဘက်ထရီ တုန်းကလို Removable မလုပ်နိုင်တော့ပေမယ့် G6 ရဲ့ 3300mAh ရှိတဲ့ Battery ဟာတော်တော်ကောင်းပါတယ်။ နာရီဝက်အားသွင်း လိုက်ရုံနဲ့ Battery 30 ရာခိုင်နှုန်းအထိရနိုင်ပြီး တစ်နာရီ ၂၅မိနစ် လောက်အားသွင်းရုံနဲ့ ၁၀၀ ရာခိုင်နှုန်းပြည့်မှာပါ။ ကွန်ရက်ချိတ်ဆက်မှုမှာ အနည်းငယ်နှေးသယောင်ရှိတာကိုလည်း တွေ့ရပါတယ်။ အရောင်အနေနဲ့ Ice Platinum ၊ Astro Black ၊ Mystic White တို့ရှိတာကြောင့် နှစ်သက်ရာအရောင်ကိုဝယ်ယူနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*