Latest post

ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းတရားတွေအတွက် OPPO F5 Dashing Blue

နေရောင်ခြည်ရဲ့စူးရှရှအကြည့်တွေကြောင့် ဝန်းကျင်တစ်ခုလုံးမှာ ပူပြင်းတဲ့အငွေ့အရှိန်တွေနဲ့အတူ နွမ်းလျလျဖြစ်နေကြပြီလား။ နွေဦးရဲ့မြူးထူးပျော်ပါးသံတွေဟာ အရင်ကထက်အသံပိုပြီးကျယ်လောင်လာကြတာကိုတော့ သူငယ်ချင်းတို့အားလုံး သတိထားမိကြမယ်ထင်ပါတယ်။ နှစ်သစ်တစ်ခုရဲ့အလှည့်အပြောင်းတွေနဲ့အတူ အားသစ်၊ အင်သစ်၊ မျှော်လင့်ချက်အသစ်၊ ပန်းတိုင်အသစ်တွေနဲ့ အားတင်းလျှောက်လှမ်းနေကြမယ်လို့ အပြည့်အဝယုံကြည်မိပါတယ်။

သူငယ်ချင်းတို့ရဲ့မျှော်လင့်ချက်ရောင်ခြည်တွေကို ဖြည့်စွမ်းပေးမယ့် ငြိမ်းချမ်းရေးနဲ့ချစ်ခြင်းတရားတွေကတော့ သူငယ်ချင်းတို့ဆီဦးတည်လျှောက်လှမ်းလာနေပါပြီ။ သူကတော့တခြားမဟုတ်ပါဘူး။ Dashing Blue ဆိုတဲ့ပြည့်ဝတဲ့အဓိပ္ပာယ်တွေကိုဖော်ဆောင်ပေးမယ့် OPPO F5 အပြာရောင်လေးပဲဖြစ်ပါတယ်။ OPPO F5 Dashing Blue နဲ့အတူ ကိုယ့်ရဲ့ငြိမ်းချမ်းရေးနဲ့ချစ်ခြင်းတရားတွေကို ကိုယ်ချစ်ရတဲ့သူတွေဆီ ပေးပို့လွှမ်းခြုံပြီး အမှတ်တရတွေများစွာဖန်တီး လိုက်ကြရအောင်။

OPPO F5 Dashing Blue ကတော့ Limited Edition အနေနဲ့ရောက်ရှိလာမှာဖြစ်လို့ အရေအတွက်ကန့်သတ်ချက်ရှိမှာဖြစ်ပါတယ်။ အမှတ်တရတွေအားလုံးကိုစိတ်တိုင်းကျဖန်တီးဖို့အတွက် A.I. Beauty Technology နည်းပညာသုံး 20MP Selfie ကင်မရာနဲ့အတူ 16MP နောက်ကင်မရာတို့ကိုထည့်သွင်းပေးထားပါတယ်။ ၆လက်မအရွယ် FullHD+ မျက်နှာပြင်အပြည့် display ကြောင့် ကြီးမားကျယ်ဝန်းတဲ့ထိတွေ့မှုတွေကိုခံစားရဦးမှာပါ။ စွမ်းဆောင်မှုအပိုင်းမှာလည်း Octa-core 2.5GHz CPU နဲ့ 4GB RAM တို့က အပြည့်ဝဆုံးထောက်ပံ့ပေးပါလိမ့်မယ်။ Internal Storage 32GB ကိုမှ SD ကဒ်ကနေ 256GB အထိမြှင့်တင်သုံးစွဲနိုင်ပါတယ်။ Striple Slot ဆိုတော့ SIM ကဒ် ၂ကဒ်ပါအသုံးပြုနိုင်ပါတယ်။ 3200mAh battery က ပုံမှန်သုံးရင် ၁၂နာရီအထိခံနိုင်စွမ်းရှိပါမယ်။ ဈေးနှုန်းက ၃၈၉,ဝဝဝ ကျပ်ပါ။ မတ်လ (၁)ရက်နေ့ကစပြီးရောင်းချပေးဖြစ်ပြီး အစောပိုင်းဝယ်ယူသူတွေအတွက် OPPO အမှတ်တံဆိပ်ပါကျောပိုးအိတ်တစ်လုံးပေးအပ်သွားမှာပါ။ တစ်လမှ ဖုန်းဘေလ် ၅,ဝဝဝ ကျပ်ဖြည့်သွင်းရုံနဲ့ Telenor Internet Package ကို တစ်လ 2GB နှုန်းနဲ့ ၆လဆက်တိုင် 12GB အထိရရှိဦးမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ချစ်ခြင်းတရားတွေအတွက် #F5#DashingBlue

Be the first to comment

Leave a Reply

Your email address will not be published.


*