TECNO Mobile မှ မျက်နှာပြင်ပြည့် စမတ်ဖုန်းများအား မြန်မာ့ဈေးကွက်တွင် မိတ်ဆက် 


(CAMON CM အား ကျပ် ၁၉၉,၀၀၀ နှင့် SPARK CM အား ကျပ် ၁၆၉,၀၀၀ တို့ဖြင့် ရောင်းချမည်ဖြစ်)

 ရန်ကုန် (၂၉၊ ဖေဖော်ဝါရီ၊ ၂၀၁၈) ။ ။ Transsion Holdings ကုမ္ပဏီ၏ ထိပ်တန်းအဆင့်မြင့် မိုဘိုင်းလ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Techno Mobile သည် ယင်းတို့၏ နောက်ဆုံးထုတ် စမတ်ဖုန်းများ ဖြစ်သည့် CAMON CM နှင့် SPARK CM တို့ကို မြန်မာနိုင်ငံဈေးကွက်နှင့် မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ Novotel Yangon Max ဟိုတယ်၌ ယနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်နေ့) ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စမတ်ဖုန်းများသည် TECNO Mobile ၏ ကင်မရာ အထူးပြု စမတ်ဖုန်း မိသားစု၏ နောက်ဆုံး ထုတ်ကုန်များဖြစ်ပြီး TECNO Mobile အမှတ်တံဆိပ်မှ ထူးခြားဆန်းသစ်ပြီး စွမ်းဆောင်ရည်မြင့်မားသည့် ကင်မရာများ တပ်ဆင်ထားသည့် ထိပ်တန်းအဆင့်မြင့် (High-End) စမတ်ဖုန်းများကို ထုတ်လုပ်နိုင်စွမ်းကို ထပ်မံ မှတ်ကျောက်တင်ခဲ့ခြင်း ဖြစ်သည်။

TECNO Mobile ၏ General Manager ဖြစ်သူ Mr. Stephen HA မှ TECNO Mobile ၏ ကမ္ဘာတစ်ဝန်း လျင်မြန်စွာ အောင်မြင်ကျော်ကြားလာမှုနှင့် ဈေးကွက်လွှမ်းမိုးနိုင်စွမ်းတို့နှင့် စပ်လျဉ်းပြီး “TECNO Mobile အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအတွက် နည်းပညာပိုင်း၊ စွမ်းဆောင်ရည်ပိုင်းနှင့် ဓာတ်ပုံရိုက်ကူးမှု အပိုင်းများတွင် တစ်မူထူးခြားသည့် စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချပေးလျက်ရှိပြီး ဆန်းသစ်သည့် အတွေ့အကြုံများကို ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။” ဟု ပြောကြားခဲ့သည်။

ယင်းက ဆက်လက်ပြီး “အခြားသော စမတ်ဖုန်း ထုတ်လုပ်သူများ အနေဖြင့် ယင်းတို့၏ ထုတ်ကုန်များ ကို ထူးခြားဆန်းသစ်သည့် နည်းပညာများ ထည့်သွင်းပြီး လူကြိုက်များ ထင်ရှားအောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသလို TECNO Mobile အနေဖြင့်လည်း သုံးစွဲသူများ၏ လိုအပ်ချက်များကို သိရှိနားလည်ပြီး ယင်းတို့၏  မျှော်လင့်ချက်များထက်ပင် သာလွန်ကောင်းမွန်သည့် စမတ်ဖုန်းများကို ဂုဏ်ယူစွာဖြင့် ထုတ်လုပ် ရောင်းချလျက် ရှိပါသည်။” ထပ်မံပြောကြားခဲ့သည်။

TECNO Mobile မှ ယနေ့ မိတ်ဆက်ပြသခဲ့သည့် CAMON CM စမတ်ဖုန်းသည် စွဲမက်ဖွယ်ကောင်းသည့် ဘေးဘောင်မဲ့ မျက်နှာပြင်ပြည့် (Bezel-Less Full-Screen) ဒီဇိုင်းပုံစံဖြင့် ဖန်တီးထားပြီး ရုပ်ရှင်နှင့် ဗီဒီယိုများ ကြည့်ရှုခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်း၊ အင်တာနက် အသုံးပြုခြင်းတို့ကို လုပ်ဆောင်ရာမှာ ထူးခြားတဲ့ အတွေ့အကြုံ များကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် ဘေးဘောင်မဲ့ ပုံစံဒီဇိုင်းကြောင့် လုပ်ဆောင်ချက်များ  ပြိုင်တူ ပြုလုပ်ခြင်း (Multi-tasking) ကို လွယ်ကူလျင်မြန်စေပြီး 18:9 အချိုး မျက်နှာပြင်ကို ခလုတ်တစ်ချက်နှိပ်ရုံဖြင့် 1:1 အချိုး Split-Screen ပြုလုပ်ပြီး လုပ်ဆောင်ချက်များကို ပြိုင်တူဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထို့အပြင် CAMON CM တွင် တပ်ဆင်ပေးထားသည့် ရှေ့ဖက် Selfie ကင်မရာသည် ပုံထွက်နှုန်း 13MP ရှိသည့် HDR ကင်မရာဖြစ်ပြီး Single Frame တွင် Noise ဝင်မှုကို လျှော့ချပေးနိုင်ပြီး ညအချိန် အလင်းရောင် နည်းပါးရာ နေရာများတွင်ပင် ဓာတ်ပုံများကို ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မည်ဖြစ်သည်။

TECNO Mobile မှ မိတ်ဆက်ပြသခဲ့သည့် အခြား စမတ်ဖုန်းတစ်ခုဖြစ်သည့် SPARK CM စမတ်ဖုန်းသည် 13MP Auto Focus ကင်မရာ၊ လွယ်ကူ တိကျ မြန်ဆန်သည့် လက်ဗွေလုံခြုံရေး စနစ်၊ ၅.၇ လက်မ အရွယ် HD 400 nits Bright Screen မျက်နှာပြင်တို့ တပ်ဆင်ပေးထားပြီး အထူးခြားဆုံး ကတော့ Mix Flash လုပ်ဆောင်ချက်ပင်ဖြစ်သည်။ Mix Flash ဆိုသည်မှာ ဓါတ်ပုံရိုက်ကူးရာတွင် အလင်းရောင် အကောင်းဆုံး ရရှိနိုင်ဖို့ ကင်မရာ၏ Flash နှင့် မျက်နှာပြင်မှာ အလင်းရောင်ကို ပြိုင်တူပေးနိုင်သည့် လုပ်ဆောင်ချက်ပင် ဖြစ်သည်။

ယင်းကဲ့သို့ Mix Flash ဖြင့် အလင်းမြှင့်ပေးခြင်းကြောင့် ရိုက်ကူးသည့် ဓာတ်ပုံများ၏ အရည်အသွေး ပိုမိုကောင်းမွန်စေနိုင်ရသာမက “Vision Dynamic Brightness Recognition HDR” စနစ်ပါရှိသဖြင့် ပတ်ဝန်းကျင်တွင် အလင်းနည်းနေချိန် သို့မဟုတ် အလင်းမရှိချိန်တွင်လည်း အလင်းပိုမို ရရှိစေရန် လုပ်ဆောင် ပေးပါသည်။

SPARK CM ၏ နောက်ထပ် အားသာချက်တစ်ခုမှာ ဗီဒီယိုဖုန်းခေါ်ဆိုမှု (Video Chat) ပြုလုပ်ရာ တွင်လည်း အလင်းရောင် လုံလောက်စွာ ရရှိပြီး ရုပ်ပုံများကို လှပစေသည့် Video Chat Flash ပါရှိခြင်း ဖြစ်ပါသည်။

လင်းလက်တောက်ပပြီး ပုံထွက်နှုန်းကောင်းမွန်သည့် ဓာတ်ပုံများ ရရှိစေရန်အတွက် CAMON CM နှင့် SPARK CM စမတ်ဖုန်းများတွင် ရှေ့ဖက်၌ LED Ring Flash (၁) လုံး၊ နောက်ကျောဖက်၌ LED Ring Flash (၄) လုံး တပ်ဆင်ပေးထားသည်။ Sefile ရိုက်ကူးမှုကို တစ်ခေတ်ဆန်းစေနိုင်သည့် အဆင့်မြင့် 13MP ကင်မရာများ တပ်ဆင်ပေးထားပြီး Night Shot Algorithm ပါဝင်သဖြင့် အလင်းရောင် နည်းပါးသည့် အနေအထားများတွင် ကြည်လင်ပြတ်သားပြီး ထူးခြားကောင်းမွန်သည့် HDR Portrait ဓာတ်ပုံများကို ရိုက်ကူးရယူနိုင်မည်ဖြစ်သည်။

“ကင်မရာအသာပေး စမတ်ဖုန်းများဖက်ကို ဦးတည်နေကြတဲ့ ခေတ်ရေစီးကြောင်းနှင့် သုံးစွဲသူတွေ အကြိုက်နဲ့ လိုအပ်ချက်များကို ဖြည့်စည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ အခုလိုမျိုး စွမ်းရည်မြင့် ကင်မရာများ တပ်ဆင်ပေးထားတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချနေခြင်း ဖြစ်ပါသည်။ ‘Think Globally, Act Locally’ ဆိုတဲ့ ကျွန်တော်တို့ရဲ့ မဟာဗျူဟာနဲ့ ဆောင်ပုဒ်အတိုင်း သုံးစွဲသူတွေ အကြိုက်ကို နားလည် သဘောပေါက်ထားပြီး စိတ်ကျေနပ်မှု အပြည့်အဝ ရရှိအောင် ကြိုးစားနေကြခြင်း ဖြစ်ပါတယ်။” ဟု Mr. Stephen Ha မှ ထပ်ဆောင်း ပြောကြားခဲ့သည်။

TECNO Mobile အနေဖြင့် CAMON CM နှင့် SPARK CM စမတ်ဖုန်း (၂) မျိုးလုံးကို မြန်မာနိုင်ငံ ဈေးကွက်တွင်း၌ လာမည့် မတ်ခ်ျလဆန်းတွင် စတင်ဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်သည်။ CAMON CM အား ကျပ် ၁၉၉,၀၀၀ နှင့် SPARK CM အား ကျပ် ၁၆၉,၀၀၀ အသီးသီးဖြင့် ရောင်းချသွားမည် ဖြစ်သည်။

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*