ကိုရီးယားလူမျိုးများ ယုံကြည်လက်ခံထားကြတဲ့ မတ်လမွေးဖွားသူတို့ရဲ့ စရိုက်လက္ခဏာများ

မတ်လဖွားသူတွေအတွက် ဒီအကြောင်းအရာလေးက စိတ်ဝင်စားစရာတစ်ခု ဖြစ်မယ်ထင်ပါတယ်။

ကိုရီးယားလူမျိုးတွေဟာ ယုံကြည်မှုပြင်းထန်တဲ့သူတွေဖြစ်ပြီး မတ်လမွေးဖွားသူတွေမှာ အောက်ပါ စရိုက်လက္ခဏာများရှိသည်ဟုလည်း ယုံကြည်လက်ခံထားကြပါတယ်။

၁။အရာရာကို နားလည်သိမြင်လွယ်တယ်။ ရှင်းရှင်းပြောရရင်တော့ bright ဖြစ်တယ် ၊ ထက်မြတ်တယ်။ သူတို့မသိအောင် ဖုံးကွယ်နိုင်ဖို့ဆိုတာ သိပ်မလွယ်ဘူး။

၂။သူတို့ဟာ ကြီးမားတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားပြီး အနားပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို နွေးထွေးကြင်နာမှုတွေ ပေးတတ်ကြတယ်။

၃။အရမ်းကို တစ်စုံတစ်ခုအပေါ် လွန်ကဲစွာ စူးစိုက်နစ်မြှုပ်ထားတတ်သူတွေဖြစ်ပြီး ချစ်သူအပေါ် အမြဲ မျက်စိဒေါက်ထောက် ကြည့်နေတတ်သူတွေလည်း ဖြစ်တယ်။

၎။သူတို့ဟာ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ တရားထိုင်ရင်းဖြစ်စေ အတွေးတွေ စုစည်းနေရတာကို သဘောကျကြတယ်။

၅။သူတို့ဟာ ထိုကဲ့သို့ တရားထိုင်ခြင်းတွေကို နှစ်သက်တဲ့အတွက် ဘယ်အလုပ်ကိုမဆို လွယ်ကူအေးဆေးစွာပဲ လုပ်ဆောင်နိုင်ကြတယ်။

၆။သူတို့ဟာ တီထွင်ဖန်တီးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်ပြီး ဂီတနှင့် အနုပညာကို ကောင်းကောင်းကြီး ခံစားသက်ဝင်ပုံဖော်နိုင်ကြသူများ ဖြစ်ပါတယ်။

၇။သူတို့ဟာ ဒီလို အောင်မြင်ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေကို ပိုင်ဆိုင်ထားရသော်ငြား ဘယ်အလုပ်ကိုမဆို လုပ်ပြီဆိုလျှင် အမှန်တကယ် စိတ်ပါဝင်စားစွာဖြင့် လုပ်ကိုင်တတ်သူတွေ ဖြစ်တယ်။

၈။သူတို့မှာ ထူးခြားတဲ့ စွမ်းရည်တွေရှိပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို အလိုက်တသင့်နေထိုင်တတ်တဲ့သူတွေ ဖြစ်တယ်။ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေ့ခဲ့တောင် အသက်ရှင်ရပ်တည်ကျန်ခဲ့နိုင်သူတွေ ဖြစ်တယ်။

ဒါကတော့ ကိုရီးယားလူမျိုးတွေက မတ်လမွေးဖွားသူတွေမှာ ဒီလို ကျင်အင်လက္ခဏာတွေရှိတယ်လို့ ယုံကြည်လက်ခံထားကြတာပါ ။သင်ဟာ မတ်လဖွားတစ်ယောက်ဆိုရင်ရော ဒီအချက်တွေနဲ့ မှန်ကန်ကိုက်ညီမှုရှိလား  ? ? ?

CHAN (ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*