တန်ဖိုးနည်းစမတ်ဖုန်း X4 ကို မိတ်ဆက်လိုက်တဲ့ LG

ကိုရီးယားစမတ်ဖုန်းထုတ်လုပ်သူ  LG အနေနဲ့ X Series စမတ်ဖုန်းအသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ LG X4 ဖြစ်ပြီး မိခင်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားမှာ ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ HD DMB Mobile TV အဖြစ်ပါ အသုံးပြုနိုင်ပါတယ်။ သူ့မှာ Android 7.1.2 Nougat OS ထည့်သွင်းထားပြီး အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

LG X4 မှာ ၅.၃ လက်မ HD Display တပ်ဆင်ထားပြီး Snapdragon 425 Chipset မောင်းနှင်ထားပါတယ်။ အချက်အလက်သိုလှောင်မှုအတွက် 2GB RAM , 16GB Storage ပါပါတယ်။ 8MP Rear Camera နဲ့ 5MP Front Camera များ ပါပါတယ်။ ဘက်ထရီက 3000mAh ဖြစ်ပါတယ်။ 4G LTE ကို ထောက်ပံ့ပါတယ်။ LG ရဲ့ငွေပေးချေမှု စနစ် ဖြစ်တဲ့ LG Pay ကိုလည်း ထောက်ပံ့ပါတယ်။ကိုရီးယားငွေကြေး ၀မ် ၂၉၇ ၀၀၀ သတ်မှတ်ထားပြီး ၂၇၃ ဒေါ်လာ ၀န်းကျင် ကျသင့်ပါတယ်။

ကေကေ

Be the first to comment

Leave a Reply

Your email address will not be published.


*