“Enjoy Sky Festival” ပရိုမိုးရှင်းအစီအစဉ်၏ အထူးဆုကြီး ဆွတ်ခူးခဲ့သူကို Vietjet ကြေညာ

Vietjet ၏ “Enjoy Sky Festival” အထူးပရိုးမိုးရှင်းအစီအစဉ်အတွင်း အထူးဆုကြီး ဆွတ်ခူးသွားသူကို Vietjet လေကြောင်းလိုင်းမှ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဟိုချီမင်းစီးတီးမှ ကွမ်နမ်ဒေသ၊ ချူလိုင် (Chu Lai) သို့ပျံသန်းခဲ့သည့် လေယာဉ်အမှတ် VJ378 တွင် စီးနင်းလိုက်ပါခဲ့သည့် ခရီးသည် Mr. Nguyen Hong Quang သည် Vietjet ခရီးသည်များအကြား ကံအထူးဆုံးသူဖြစ်ခဲ့ပြီး ဗီယက်နမ်ဒေါင် သိန်းပေါင်းတစ်ထောင်ကို  ဆွတ်ခူးရရှိခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ကျင်းပခဲ့သော Vietjet ၏ “Enjoy Sky Festival” ပရိုမိုးရှင်းပွဲတော်ကြီးကို ခရီးသွားများနှစ်ခြိုက်အားပေးခဲ့ကြပြီး  Vietjet ၏ ရွှေရောင်နာရီများဖြစ်သည့် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခွဲမှ နေ့လည် ၁ နာရီခွဲအတွင်း ဗီယက်နမ်ဒေါင် ၀ မှစတင်၍ကျသင့်သည့်  ပရိုမိုးရှင်းလက်မှတ် သန်းပေါင်းများစွာကို ၀ယ်ယူအားပေးခဲ့ကြပါသည်။ ထို့အတူ ပွဲတော်ရာသီဖြစ်သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အတွင်း Vietjet လေယာဉ်များတွင် စီးနင်းလိုက်ပါခဲ့သည့် ခရီးသည်များသည်လည်း စုစုပေါင်း ဗီယက်နမ်ဒေါင် ၁ ဘီလီယံတန်ဖိုးရှိ ဗီယက်နမ်ပြည်တွင်း အသွားအပြန်လေယာဉ်လက်မှတ်များ၊  ဗီယက်နမ်ဒေါင် သိန်း ၁၀၀ တန်ဖိုးရှိ ငွေသားကံစမ်းမဲများနှင့် စွဲမက်ဖွယ်လက်ဆောင်များကိုလည်း ကံစမ်းခွင့်ရရှိခဲ့ကြပါသည်။

ထိပ်တန်းခရီးသည်အခြေပြုလေကြောင်းလိုင်းတစ်ခုအဖြစ်ရပ်တည်ရန် ရည်သန်ရင်း Vietjet သည် ခရီးစဉ်လမ်းကြောင်းသစ်များ တိုးချဲ့ဖွင့်လှစ်လျက်ရှိသလို လေယာဉ်အသစ်စက်စက်များ အားဖြည့်ခြင်း၊  ခေတ်မီနည်းပညာများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ခရီးသည်များ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်  လေယာဉ်ပေါ်တွင် ထပ်တိုးဝန်ဆောင်မှုများနှင့် ပစ္စည်းများကို ၀န်ဆောင်ပေးလျက်ရှိပါသည်။ Vietjet ၏ စိတ်လှုပ်ရှားဖွယ် ပရိုးမိုးရှင်းအစီအစဉ်များနှင့် ဖျော်ဖြေရေးအစီအစဉ်များကြောင့် ခရီးသည်များ၏ ချစ်မြတ်နိုးမှုကို ခံရသော ရှေ့ပြေးလေကြောင်းလိုင်းတစ်ခု ဖြစ်ပါသည်။ Vietjet ၏အဆင့်မြင့် ၀န်ဆောင်မှု၊ လေယာဉ် စီးနင်းခ အထူးနှုန်းထားများနှင့်  လေယာဉ်လက်မှတ် အတန်းအစား အမျိုးမျိုးတို့အပါအ၀င် ခရီးသည်များအနေဖြင့် သက်တောင့်သက်သာရှိသော ထိုင်ခုံများပါဝင်သည့်  လေယာဉ်အသစ်များစီးနင်းပြီး  အရသာရှိသော ပူပူနွေးနွေး စားသောက်ဖွယ်ရာများ၊  လေယာဉ်အတွင်း ထပ်တိုးဝန်ဆောင်မှုများကို  ဖော်ရွေပျူငှာသော လေယာဉ်ဝန်ထမ်းများမှတဆင့်ရယူပြီး ပျော်ရွှင်ဖွယ် ခရီးစဉ်များ  ဖန်တီးနိုင်မည်ဖြစ်ပါသည်။

YOU MAY ALSO LIKE

Be the first to comment

Leave a Reply

Your email address will not be published.


*