Latest post

မတ်လ ၂၀ ရက်နေ့မှာ ကြေညာတော့မယ့် Huawei Nova 3e

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Huawei အနေနဲ့မတ်လ ၂၀ ရက်နေ့မှာ Nova 3e ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်ုးမိတ်ဆက်ပွဲအတွက် တရုတ်မီဒီယာများအား Huawei က ဖိတ်စာများကို ဝေငှပြီးပါပြီ။ ဖိတ်စာမှာ ဖုန်းရဲ့ အမည်ကို ရေးသားထားပါတယ်။

Nova 3e ရဲ့ သတင်းအချက်အလက်များဟာ အများကြီး ပေါက်ကြားထွက်ပေါ်ခဲ့ခြင်း မရှိပါဘူး။ Huawei ဟာ မတူညီတဲ့ နိုင်ငံများမှာ ဖုန်းများကို အမည်ကွဲများဖြင့် ရောင်းချလေ့ရှိပါတယ်။သူ့ကို တရုတ် ဈေးကွက်မှာ P20 Lite အစား ရောင်းချမှာ ဖြစ်ပါတယ်။ P20 Lite ရဲ့ သတင်းအချက်အလက်များစွာဟာ ကြိမ်ဖန်များစွာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။

Nova 3e ဟာ P20 Lite ဖြစ်မယ်ဆိုရင် သူ့မှာ ဥာဏ်ရည်တု နည်းပညာပါတဲ့ စွမ်းဆောင်ရည်သင့် Kirin 970 Chipset ထည့်သွင်းထားနိုင်ပါတယ်။ Chipset မှာ Cortex-A72 Core နှစ်လုံးနဲ့ Cortex-A53 Core လေးလုံး ပါပါတယ်။ သူ့ကို 12nm Process အပေါ်မှာ အခြေပြု၍ တည်ဆောက်ထားတဲ့အတွက် 16nm Kirin 659 Chipset ထက် ပိုမို တိုးတက်လာပါတယ်။

Nova 3e မှာ ၅.၆ လက်မ Full HD+ Display တပ်ဆင်ထားနိုင်ပြီး မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ ဒေါင်လိုက်တပ်ဆင်ထားတဲ့ ကင်မရာ နှစ်လုံး ပါပါတယ်။ ဘက်ထရီစွမ်းအားကတော့ 3350mAh ဖြစ်ပါတယ်။

ကေကေ

Be the first to comment

Leave a Reply

Your email address will not be published.


*