LG G7 ရဲ့ဈေးနှုန်းထွက်ပေါ်လာ

တောင်ကိုးရီးယားမီဒီယာများရဲ့ဖော်ပြမှုအရ LG ဟာ ယခုနှစ် သူတို့ရဲ့အဆင့်မြင့် စမတ်ဖုန်း LG G7 ကို လာမယ့်လကုန်ပိုင်းမှာ မိတ်ဆက်လာမှာ ဖြစ်ပြီး မေလမှာ စတင်ရောင်းချသွားမယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် တောင်ကိုးရီးယားမီဒီယာများက LG G7 မှာ OLED ရုပ်ထွက် သုံးလာမှာ ဖြစ်ပြီး လက်ရှိ စမတ်ဖုန်းဈေးကွက်ရဲ့ Trend တစ်ခု ဖြစ်လာတော့မယ့် Notch ထည့်သွင်းထားကြောင်း သိရပါတယ်။ Snapdragon 845 နှင့် ပါဝါထောက်ပံ့လာပါမယ်။ ဘက်ထရီ 3000 mAh ပါဝင်ပါမယ်။ ဘက်ထရီ အလျှင်အမြန် သွင်းနိုင်မယ့် စနစ် ထည့်သွင်းလာပါမယ်။

LG G7 မှာ RAM6GB နဲ့အတူ သိုလှောင်မှု 64GB ပါဝင်လာပါမယ်။ ဒါ့အပြင် LG G7+ လည်း ထွက်လာဖို့ ရှိနေပြီး RAM6GB  နဲ့အတူ သိုလှောင်မှု 128GB ပါဝင်လာပါမယ်။ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်လာမှာ ဖြစ်ပါတယ်။ ကင်မရာအရည်အသွေးကတော့ 16MP+16MP ဖြစ်လာပါမယ်။ LG V30s မှာလို ကင်မရာမှာ AI စနစ်ထည့်သွင်းလာပါမယ်။ ဒါ့အပြင် အသံပိုင်းကိုလည်း အထူးအားပြုလုပ်ဆောင်လာပါမယ်လို့ သိရပါတယ်။

LG G7 နှင့်ပတ်သက်ပြီး နောက်ထပ် သိရတဲ့သတင်းကတော့ ဒီဖုန်းရဲ့ဈေးနှုန်း ဖြစ်ပါတယ်။ LG G7 ရဲ့ဈေးနှုန်းက ဒေါ်လာ ၈၅၀ မှ ဒေါ်လာ ၉၅၀ အတွင်း ဖြစ်လာမယ်လို့ သိရပါတယ်။ ဈေးကွက်အပေါ်မူတည်ပြီး ဈေးနှုန်း ကွာခြားသွားမှာပါ။

ကေကေ

Be the first to comment

Leave a Reply

Your email address will not be published.


*