Latest post

AI နဲ့ ကင်မရာ အဆင့်မြှင့်ထားတဲ့ Redmi Note 5 Pro ကို Xiaomi မိတ်ဆက်

စမတ်ဖုန်းထုတ်လုပ်သူ Xiaomi အနေနဲ့ တရုတ်မှာ အဆင့်မြှင့်ထားတဲ့ Redmi Note 5 Pro မော်ဒယ်အသစ်တစ်မျိုးကို ကြေညာလိုက်ပါတယ်။ သူဟာ အိန္ဒိယမှာ ရောင်းချပေးထားတဲ့ Redmi Note 5 Pro နဲ့ တူညီပေမယ့် စွမ်းရည်အသစ်များ ပါလာပါတယ်။ သူ့မှာအရင်မော်ဒယ်ဖြစ်တဲ့ Redmi Note 5 Pro နဲ့တူညီချက်များကတော့ ၅.၉၉ လက်မ 2160×1080 pixel IPS LCD Display နဲ့ပရိုဆက်ဆာမှာ Qualcomm Snapdragon 636 Chipset , 3/4/6GB RAM , 32/64GB သိုလှောင်မှု၊ 4000mAh ဘက်ထရီစွမ်းအားများ ပါဝင်ပါတယ်။

ဒါပေမယ့် 12MP Rear ကင်မရာ မှာ အိန္ဒိယမော်ဒယ်ရဲ့ F/2.2 ထက် အလင်းဝင်ပေါက် ပိုမိုကျယ်တဲ့ F/1.9 Lens တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုမိုလျှင်မြန်စွာ Focus ပြုလုပ်နိုင်ဖို့အတွက် Dual Pixel PDAF နည်းပညာ ထည့်သွင်းပေးထားပါတယ်။ အနောက်ဘက်မှာ 5MP ကင်မရာတပ်ဆင်ထားပါတယ်။

အိန္ဒိယမော်ဒယ်ရဲ့ 20MP Front Camera ကို 13MP Camera နဲ့ လဲလှယ်ထားပါတယ်။ ကင်မရာများမှာ ဥာဏ်ရည်တုနည်းပညာ ထည့်သွင်းထားပြီး Portrait Mode , Beauty Mode , Face Unlock များဟာ ဥာဏ်ရည်တု နည်းပညာကြောင့် ပိုမို ကောင်းမွန်လာပါတယ်။

တရုတ်မှ မော်ဒယ်အသစ်မှာ Android 8.0 Oreo အခြေပြု MIUI 9 ထည့်သွင်းထားပြီး Project Treble ကို ထောက်ပံ့ပါတယ်။ အိန္ဒိယ မော်ဒယ်မှာ Android 7.1.1 Nougat သာ ပါပါတယ်။ မော်ဒယ်အသစ်ကို အနက်၊ အပြာ၊ ရွှေနဲ့ နှင်းဆီ ရွှေရောင်များ ထုတ်လုပ်ပေးထားပြီး တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ၁၇၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။

ကေကေ

Be the first to comment

Leave a Reply

Your email address will not be published.


*