Notch ပါဝင်လာမယ်ဆိုတဲ့ Vivo Y85 ရဲ့ အချက်အလက်များ ထွက်ပေါ်လာ

ဒီနေ့မှာတော့ Vivo ဖုန်းသစ်တစ်လုံးရဲ့အချက်အလက်များ ပေါက်ကြားလာပါတယ်။ သူကတော့ Vivo Y85 ဖြစ်ပြီး ဒီဖုန်းမှာ Notch ထည့်သွင်းလာမယ်လို့ သိရပါတယ်။ Vivo Y85 က မျက်နှာပြင် ၆.၂၆ လက်မ ဖြစ်ပြီး 19:9 သုံးလာပါမယ်။ ဖုန်းရဲ့အတိုင်းအတာက 154.81×75.03×7.89 mm ဖြစ်ပါတယ်။ Snapdragon 450 နှင့် ပါဝါထောက်ပံ့လာပါမယ်။

ကျောဘက်ကင်မရာနှစ်လုံး ပါဝင်လာပါမယ်။ ကျောဘက်ကင်မရာနှစ်ခုက 13MP+2MP ဖြစ်ပါတယ်။ ရှေ့ကင်မရာက 16MP ဖြစ်ပါတယ်။ လှပတဲ့ Selfie ဓာတ်ပုံများ ရိုက်ကူးနိုင်ဖို့ AI Beauty နှင့် ထောက်ပံ့လာပါမယ်။ ဒါ့အပြင် AR Sticker များနှင့် Face Unlock တို့ ပါဝင်ပါမယ်။

Vivo Y85 မှာ ဘက်ထရီ 3260 mAh ဖြစ်ပြီး Bluetooth 5.0 ၊ USB 2.0 ၊ GPS ၊ Android 8.1 Oreo ပါဝင်ပါမယ်။ ဒီဖုန်းကို ရွှေရောင်၊ နက်ရွှေရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ 64GB  ဗားရှင်းတစ်မျိုးတည်းသာ ရောင်းချလာမှာ ဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ ၂၈၄ ဖြစ်လာပါမယ်။

ကေကေ

Be the first to comment

Leave a Reply

Your email address will not be published.


*