P20 Lite ကို တရားဝင်မိတ်ဆက်လိုက်တဲ့ Huawei

P20 Lite ကို ဥရောပနိုင်ငံများအတွက် Huawei က တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။ Huawei P20 Lite မှာ 19:9 ၅.၈၄ လက်မ IPS LCD display ပါဝင်ပြီး resolution က 1080 x 2280px ဖြစ်ပါတယ်။ Display မှာ earpiece နဲ့ 16MP front-facing ကင်မရာထည့်သွင်းထားတဲ့ notch တစ်ခု ပါဝင်ပါတယ်။

ဒီစမတ်ဖုန်းမှာ Kirin 659 ချစ်ပ်နဲ့ 4GB RAM အသုံးပြုထားပြီး built-in memory က 64GB ဖြစ်ပါတယ်။ MicroSD slot ပါဝင်တာကြောင့် memory ကို တိုးမြှင့်နိုင်ပါတယ်။

ကျောဘက်ကင်မရာတွေက dual-camera စနစ် ဖြစ်ပါတယ်။ အဓိကကင်မရာက 16MP ဖြစ်ပြီး ဒုတိယကင်မရာက 2MP ဖြစ်ပါတယ်။ ဘက်ထရီစွမ်းအားကတော့ 3,000mAh ပါ။ ingerprint scanner ကို ကျောဘက်မှာတပ်ဆင်ထားပါတယ်။ Operating system က Android 8.0 Oreo ကို အခြေခံထားတဲ့ EMUI 8.0 ဖြစ်ပါတယ်။ Huawei P20 Lite ရဲ့တန်ဖိုးက ယူရို ၃၆၉ ကနေ စတင်မှာဖြစ်ပြီး မတ်လကုန်မှာ ဥရောပတစ်ဝန်းက လက်လီစတိုးတွေကနေ ရောင်းချသွားမယ်လို့ သိရပါတယ်။

P20 Lite အတွက် အမှာစာတွေကို စတင်လက်ခံနေပြီး တင်ပို့ရောင်းချမှုကိုတော့ မတ်လ ၂၇ ရက်မှာ စတင်သွားမယ်လို့ သိရပါတယ်။ အရောင်တွေကိုတော့ Klein Blue, Sakura Pink နဲ့ Midnight Black ဆိုပြီး ရရှိနိုင်ပါတယ်။ 

ကေကေ

Be the first to comment

Leave a Reply

Your email address will not be published.


*