Latest post

Samsung Galaxy Note9 ကို သြဂုတ်လအစောပိုင်းတွင် မိတ်ဆက်လာနိုင်ခြေရှိ

Samsung အနေနဲ့ Galaxy Note9 အတွက် အမည်မှတ်ပုံတင်ခွင့် ရယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ ကျောဘက်ကင်မရာသုံးလုံး၊ မျက်နှာပြင် ရုပ်ထွက်အောက် လက်ဗွေရာစနစ် ပါဝင်မယ်လို့လည်း သတင်းထွက်ထားပါတယ်။  Samsung ဟာ Galaxy Note9 အတွက် Firmware ရေးသားနေပြီဖြစ်တာကြောင့် ယမန်နှစ်ထွက် Note8 ထက် စောပြီး ဈေးကွက်သို့ ရောက်လာမယ်လို့ ယူဆရပါတယ်။

Samsung ဟာ Galaxy Note9 ကို Crown လို့ ကုတ်အမည်ပေးထားပြီး Infinity Display 2.0 သုံးလာပါမယ်။ Infinity Display 2.0 ကို Galaxy S9 မှာလည်း သုံးထားပြီး ဖြစ်ပါတယ်။ Note8 လိုပဲ မျက်နှာပြင် ၆.၃ လက်မဖြစ်လာမှာ ဖြစ်ပြီး Super AMOLED 18:5:9 ရုပ်ထွက် သုံးလာပါမယ်။ Exynos 9810 နှင့် ပါဝါထောက်ပံ့လာမှာ ဖြစ်ပြီး အမေရိကန်ဈေးကွက်မှာ ရောင်းချမယ့်ဖုန်းများမှာတော့ Snapdragon 845 သုံးလာပါမယ်။ ဒါ့အပြင် Note8 လိုပဲ RAM6GB သုံးလာမှာ ဖြစ်ပြီး 128GB ၊ 256GB တို့ ထွက်လာနိုင်ပါတယ်။

Samsung ဟာ ဈေးကွက်ထဲမှာ ရောင်းချနေပြီဖြစ်တဲ့ Galaxy S9 နှင့် Galaxy S9+ တို့ကို Galaxy S8 စီးရီးထက် စောပြီး ကြေညာခဲ့သလို စောပြီးတော့ ရောင်းချခဲ့ပါတယ်။ ဒါကြောင့် Samsung Glaaxy Note9 ကလည်း Note8 ထက် စောပြီး ထွက်လာမယ်လို့ ယုံကြည်ရပါတယ်။

ကေကေ

 

Be the first to comment

Leave a Reply

Your email address will not be published.


*