Gaming Phone ကို ၁၃ ရက်နေ့မှာ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်တဲ့ Xiaomi

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Xiaomi အနေနဲ့ ဂိမ်း အသားပေး ဖုန်းကို မိတ်ဆက်မယ့် ပွဲအတွက် ဖိတ်စာများကို ဝေငှလိုက်ပါတယ်။ အဲဒီ ဖုန်းကို Black Shark လို့ အမည်ပေးထားပြီး Razer Phone လို ဂိမ်း အသားပေး ဖုန်းများကို ယှဉ်ပြိုင်မှာပါ။ ဧပြီလ ၁၃ ရက်နေ့မှာ ဘေဂျင်းတွင် အဲဒီ ဖုန်းကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ Black Shark မှာXiaomi က ငွေကြေးရင်းနှီးမြှပ်နှံထားတာ ဖြစ်တဲ့အတွက် အဲဒီဖုန်းအမည်မှာ Black Shark ပါဝင်မှာပါ။ Xiaomiရဲ့ အမည်တော့ မပါဝင်နိုင်ပါဘူး။

ဖိတ်စာမှာ Qualcomm Logo ကို ပြသထားတဲ့အတွက် Snapdragon 845 Chipset ပါလာနိုင်ပါတယ်။ 6GB or 8GB RAM နဲ့ 64GB or 256GB Storage များ ပါလာနိုင်ပါတယ်။ ဂိမ်းကစားတဲ့ အခါမှာ အလွန်ချောမွတ်စေတဲ့ 120Hz Display ပါမယ်လို့ မျှော်လင့်ရပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ သူ့မှာ 2160 x 1080 FHD+ Display ပါရှိပြီး မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ Adreno 630 GPU ပါလာနိုင်ပါတယ်။ Android Oreo နဲ့ Project Treble ကိုထောက်ပံ့ပေးနိုင်မယ်လို့မှန်းထားပေမယ့် အတိအကျမသိသေးပါဘူး။

Kk(shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*