နေ့ခင်းဘက်တစ်ရေးအိပ်ခြင်းက ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

Young attractive woman sleeping on the couch at home, she was reading a book

နေ့ခင်းဘက် မိနစ် ၂၀ ၊ နာရီဝက်ခန့် တစ်ရေးအိပ်စက်တတ်တဲ့ သူတွေအတွက်တော့ သတင်းကောင်း ပါပဲ။ ဒါပေမယ့် နာရီပိုင်းလောက် ကြာအောင် အိပ်စက်ခြင်းနဲ့ ညနေပိုင်း အိပ်စက်ခြင်း ကိုတော့ ရှောင်ကြဉ် ရပါမယ်။ နေ့ခင်းဘက် တစ်ရေးအိပ်တဲ့ အခါမှာ ရရှိနိုင်မယ့် အကျိုးကျေးဇူးများကို ရှာဖွေပြီး ဖော်ပြပေးလိုက်ပါတယ်။

(၁) နိုးကြားတက်ကြွစေတယ်

စိတ်ကို နိုးကြားတက်ကြွ လာစေဖို့ အတွက် နေ့ခင်းဘက် မိနစ် ၂၀လောက် အိပ်စက်အနားယူ သင့်တယ်လို့ ဆေးပညာရှင်များက ဆိုထားပါတယ်။ စိတ်ပင်ပန်းနွမ်းနယ်နေချိန်မှာ အာရုံစူးစိုက်နိုင်စွမ်း လည်း ကျဆင်းလာတတ်တာ သဘာဝပါ။ ဒါ့ကြောင့် နေ့ခင်းဘက် တစ်ရေးအိပ်လိုက်တဲ့အခါမှာ ပင်ပန်း နွမ်းနယ်မှုကို အလျင်မြန်ဆုံး ဖြေလျော့ပေးနိုင်ပြီး အားအင်များပြန်လည်ပြည့်ဝလာတဲ့ အတွက် စိတ်နိုးကြား တက်ကြွလာစေပါတယ်။

(၂) မှတ်ဉာဏ်အားကောင်းစေပါတယ်

မှတ်ဉာဏ်အားကောင်းစေဖို့ အတွက် နေ့ခင်းဘက်နာရီဝက်လောက် အိပ်စက်ပေးသင့်ပါတယ်။ အိပ်စက်နေချိန် ခဏအတွင်းမှာ သင့်ရဲ့ ဦးနှောက်က လုပ်ဆောင်ရမယ့် တာဝန်တွေကို ပြန်လည် အမှတ်ရစေဖို့ အထောက်အကူပြုပါတယ်။

(၃) နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်

အသက်အရွယ်မရွေး ဖြစ်တတ်တဲ့ နှလုံးအားနည်းခြင်းနဲ့ heart attack ဖြစ်ခြင်းကို လျော့ချ နိုင်ဖို့ အတွက် နေ့ခင်းဘက် တစ်ရေးအိပ်ဖို့ လိုပါတယ်။ နေ့ခင်းဘက် တစ်ရေးအိပ်တဲ့သူတွေက သာမာန် လူတွေထက်ကို ပိုပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ချေ ၃၇ ရာခိုင်နှုန်းလောက်ကို လျော့ချပေးနိုင် တယ်လို့ ဆေးပညာရှင်များက ဆိုပါတယ်။

(၄) စိတ်ဖိစီးမှု လျော့ကျစေပါတယ်

စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရတဲ့အခါမျိုးမှာ နေ့ခင်းဘက် နာရီဝက်လောက် အိပ်စက် အနားယူ လိုက်ပါ။ နေ့ခင်းဘက် အိပ်စက်လိုက်တဲ့အခါမှာ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ stress ဟော်မုန်းကို လျော့ကျစေပြီး အားအင်များ ပြန်လည်ပြည့်ဝလာစေပါတယ်။

(၅) ကိုယ်အလေးချိန်လျော့ကျစေပါတယ်

နေ့ခင်းဘက် အိပ်စက်တာက ဝိတ်တက်စေတယ်လို့ပဲ အများက ထင်ထားကြတာပါ။ အမှန်တကယ် တော့ ဝိတ်တက်မလာဖို့ကိုတောင် တားဆီးပေးနိုင်ပါတယ်။ နေ့ခင်းဘက် ပင်ပန်းနွမ်းနယ်လာတဲ့ အခါမှာ တော်တော်များများက ကော်ဖီသောက်လိုက်တာ၊ မုန့်စားလိုက်တာမျိုး ပြုလုပ်ပြီး စိတ်လန်းဆန်း တက်ကြွလာအောင် ပြုလုပ်တတ်ကြပါတယ်။ ဒီလိုပြုလုပ်ခြင်းက အဝလွန်ခြင်းကို ပိုမိုဖြစ်ပေါ် စေပါတယ်။ ဒီလိုပြုလုပ်မယ့်အစား နေ့ခင်းဘက် တစ်ရေးအိပ်လိုက်တာက အားအင်များကို ပြည့်ဝလာစေပြီး ဝိတ်တက်လာမှာ ကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။

(၆) စိတ်ပျော်ရွှင်စေပါတယ်

အိပ်ရေးမဝတဲ့အခါ စိတ်က လန်းဆန်တက်ကြွမှု မရှိဘဲ ဘာလုပ်လုပ်အဆင်မပြေတာမျိုး ကြုံတွေ့ဖူးမယ် ထင်ပါတယ်။ နေ့ခင်းဘက် တစ်ရေးအိပ်လိုက်တာက ညဘက်မှာ အိပ်ရေးမဝတာ အတွက် ပြန်လည် ကုစားပေးနိုင်ပြီး စိတ်ကျေနပ်မှုကို ဖြစ်ပေါ်လာစေတဲ့ အတွက် စိတ်ပျော်ရွှင် တက်ကြွလာစေပါတယ်။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*