Latest post

ဧပြီလ ၁၉ ရက်နေ့မှာ မိတ်ဆက်ဖို့သေချာသွားပြီဖြစ်တဲ့ Honor 10

Honor အနေနဲ့ လာမယ့် ဧပြီလ ၁၉ ရက်နေ့မှာ မိတ်ဆက်ပွဲ တစ်ပွဲ ပြုလုပ်သွားမယ်လို့ ကြေညာလာခဲ့ပြီ ဖြစ်ပါတယ်။ ယင်းပွဲမှာ Honor ဟာ Honor 10 ကို မိတ်ဆက်လာဖို့ ရှိနေပါတယ်။ Honor 10 ကို မိတ်ဆက်ဖို့လိုသေးတယ်ဆိုပေမယ့် promo images တွေအရ အချက်အလက်တချို့ကိုတော့ သိလာခဲ့ပြီဖြစ်ပါတယ်။

Honor 10 က မျက်နှာပြင် ၅.၈ လက်မဖြစ်လာဖို့ ရှိနေပြီး Notch ဒီဇိုင်း ပါဝင်လာပါမယ်။ ဒီဖုန်းကို Kirin 970 နှင့် အထိုင်ချလာပါမယ်။ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပါမယ်။ Huawei P20 နှင့် အတူတူ ဖြစ်လာပါမယ်။ 12MP+20MP ဖြစ်ပါတယ်။ ပိုအသေးစိတ်ကျတဲ့ အချက်အလက်တွေကိုသိချင်တယ်ဆိုရင်တော့ 19ရက်နေ့အထိ စောင့်ကြည့်သင့်ပါတယ်။

အခုလို Honor 10 ကို ဧပြီလ ၁၉ ရက်နေ့မှာ ကြေညာမယ်လို့ Honor က တရားဝင် ကြေညာလာမှုကြောင့် လာမယ့် မေလ ၁၅ ရက်နေ့မှာ လန်ဒန်မှာ မိတ်ဆက်ပွဲမှာ ဘာကို ကြေညာလာမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါမယ်။ Honor ဟာ Huawei P20 Pro မှာ သုံးထားတဲ့ ကျောဘက်ကင်မရာသုံးလုံးစနစ်ပါဝင်တဲ့ Honor 10 Pro ကို ကြေညာလာမလား မေးခွန်းထုတ်စရာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*