သင်္ကြန်တွင်းခရီးသွားမယ်ဆိုရင် ဒါတွေမပါမဖြစ် ယူသွားပါ

သင်္ကြန်တွင်းမှာ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ ခရီးသွားမယ့်သူတွေ အတွက် ခရီးစဉ်မှာ အဆင်ပြေချောမွေ့စေဖို့အတွက် မပါမဖြစ် ပစ္စည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ သင်္ကြန်တွင်း ဆိုတော့ အပူဒဏ်ကလည်း တကယ့်ကို လွန်ကဲနေတဲ့ နွေရာသီကို ရောက်နေပါပြီ။ ဒီတော့… သင်္ကြန်မလည်ဘဲ ခရီးသွားဖို့ အစီအစဉ် ရှိတယ်ဆိုရင်တော့ အခုကတည်းက အထုပ်အပိုးပြင်ဆင် ထားလိုက်ပါတော့နော်။

(၁) နေကာမျက်မှန်

ဒီလိုသင်္ကြန်ကာလတွင်းမှာ သင့်ရဲ့ ခရီးဆောင်အိတ်ထဲ နေကာမျက်မှန်ကို မပါမဖြစ် ထည့်ထားသင့်ပါတယ်နော်။ သင်္ကြန်ကာလတွင်းမှ မဟုတ်ပါဘူး၊ နွေရာသီတွင်း ခရီးသွားမယ့် သူတွေအတွက် မရှိမဖြစ် အသုံးအဆောင်ပစ္စည်းပါပဲ။

(၂) ဦးထုပ်

နေရောင်ခြည်ဒဏ်ကလည်း တစ်နေ့တစ်ခြား ပိုပူပြင်းလာပြီဆိုတော့ နေပူဒဏ်ကြောင့် အသားအရေတွေ ထိခိုက်ပျက်စီးမှု မရှိရလေအောင် နေလောင်ကာပစ္စည်းတွေ ထည့်သွားဖို့လည်း မမေ့ပါနဲ့နော်။ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့အတွက် ဦးထုပ်ကို ထည့်သွားလိုက်ပါ။

(၃) နွေဝတ်စုံ

နွေရာသီနဲ့ လိုက်ဖက်မှုရှိတဲ့ အဝတ်အစားများကို ရွေးချယ်ပြီး သေချာထည့်သွားပါ။ ချည်သားအကျီင်္၊ ဘောင်းဘီ၊ စကပ်၊ ဂါဝန် တွေက ပါးပါးလေးတွေဆိုတော့ ခရီးဆောင်အိတ်မှာ နေရာသိပ်မယူရပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်သွားရုံပါပဲ။ အခုလို သင်္ကြန်ကာလတွင်း ခရီးသွားတဲ့သူတွေအနေနဲ့ တင်းကြပ်တဲ့ အဝတ်အစားတွေကို ရှောင်ကြဉ်သင့်ပါတယ်နော်။

(၄) နေလောင်ခံခရင်မ်

အထူးသဖြင့် ကမ်းခြေဘက် ခရီးသွားမယ့်သူတွေ မပါမဖြစ် ယူဆောင်သွားသင့်တဲ့ အရေးကြီးဆုံး အရာတစ်ခုပါပဲ။ နေလောင်ခံခရင်မ်ကို ဝယ်ယူတဲ့အခါမှာ SPF ပါဝင်မှုနှုန်းများတာကိုသာ ရွေးဝယ်သွား လိုက်ပါ။

(၅) အလှကုန်ပစ္စည်း

မိန်းကလေးတွေအတွက် အလှကုန်ပစ္စည်းကိုတော့ ချန်လှပ်ထားလို့ မရပါဘူးနော်။ ဒီလို သင်္ကြန်တွင်း ခရီးသွားမှာဆိုတော့ ရေစိုခံမိတ်ကပ်ကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။ ပြီးရင်တော့ ခရီးသွားတာနဲ့ ကိုယ့်ရဲ့ ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ကုသဖို့အတွက် skin care product တွေကိုလည်း မမေ့ပါနဲ့နော်။

(၆) ရေလုံအိတ်

သင်္ကြန်တွင်းဆိုတော့ ရေလုံအိတ်က အဓိကကျပါတယ်။ ဖြစ်နိုင်ရင် ခရီးဆောင်အိတ်ထဲကို ပစ္စည်းတွေ မထည့်ခင်၊ ရေလုံအိတ်ထဲကို တစ်ဆင့်အရင်ထည့်သင့်ပါတယ်။ ဖုန်းထည့်တဲ့ ရေလုံအိတ်ကလည်း သင့်ကို စတိုင်ကျစေမှာပါ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*