Mi A2 နဲ့ Mi 6X တို့အား ဧပြီလ ၂၅ရက်နေ့မှာ မိတ်ဆက်တော့မယ့် Xiaomi

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Xiaomi အနေနဲ့ ဧပြီလ၂၅ရက်နေ့ မိခင်နိုင်ငံမှာ မိတ်ဆက်မယ့် စမတ်ဖုန်းEvent အတွက် မီဒီယာတွေကို ဖိတ်စာတွေစတင်ဝေဌနေပြီဖြစ်ပါတယ်။လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ Xiaomi Mi A2 / Mi 6X တို့ဖြစ်နိုင်ခြေရှိနေပါတယ်။ တကယ်လို့သာဖြစ်လာမယ်ဆိုရင်တော့ ကောလာဟလတွေနဲ့ မိတ်ဆက်မှုတိုက်ဆိုင်သွားမှာဖြစ်ပါတယ်။ Xiaomi အနေနဲ့ စမတ်ဖုန်းနှစ်မျိုးကို တစ်ပြိုင်တည်း ပွဲထုတ်သွားနိုင်ပြီး April 25 event အတွက်ဖိတ်စာတွေပေးပြီး မီဒီယာတွေကို အကြောင်းကြားထားပြီးပါပြီ။

တိကျတဲ့အချက်အလက်လို့ မဆိုနိုင်ပေမယ့် လတ်တလောထွက်ထားတဲ့ ကောလာဟလတွေအရ Mi A2 မှာHelio P60  ပရိုဆက်ဆာနဲ့အတူ Redmi Note 5 Pro မှာတပ်ဆင်ထားတဲကင်မရာကိုထပ်မံအဆင့်မြင့်တင်ထားတဲ့ dual camera တပ်ဆင်ထားနိုင်ပါတယ်။Mi 6X မှာ ကင်မရာကို iPhone X လိုမျိုး ဒေါင်လိုက်ပုံစံနဲ့ထားထားမှာဖြစ်ပြီး အရင် 5X တုန်းကတော့ dual-camera ကို iPhone 7 Plus လို အလျားလိုက်ပုံစံနဲ့ထားခဲ့တာပါ။

အရင်ထွက်ထားတဲ့သတင်းအတိုင်း 18:9 ratio, 5.99” panel ကိုသုံးထားမှာပါ။  Mi A2 ရဲ့အရွယ်အစားကတော့ Mi A1 နဲ့အရွယ်အစားတူညီပြီး 5.99” screen နဲ့2,910 mAh battery စွမ်းအားပါဝင်နိုင်ပါတယ်။ အချက်အလက်သိုလှောင်မှုအပိုင်းမှာတော့ 4 GB RAM နဲ့အတူ 64 GB storage ဖြစ်မှာပါ။ Xiaomi အနေနဲ့ဂိမ်းနဲ့ ပတ်သတ်တဲ့စမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Blackshark gaming phone  ကိုလည်းမနေ့ကမိတ်ဆက်လိုက်ပါတယ်။ ဒါဟာ Razer ဖုန်းကိုတိုက်ရိုက်ယှဉ်ပြိုင်ဖို့ ဖြစ်နိုင်ပါတယ်။

kyawsoemoe(Shweinnlay)

Be the first to comment

Leave a Reply

Your email address will not be published.


*