Dual ကင်မရာနဲ့ မျက်နှာ အာရုံခံ နည်းပညာပါတဲ့ Meizu 15 Plus ကိုမိတ်ဆက်

Meizu က ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။ Chipset ကတော့ ယခင်နှစ်ထုတ် Samsung ရဲ့ စွမ်းရည်မြင့် ဖုန်းများမှာပါတဲ့ Exynos 8895 ကို ထည့်ပေးထားပါတယ်။ 6GB RAM ထည့်ပေးထားပြီး 64GB or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။ microSD Card Slot တော့ မပါပါဘူး။

အနောက်ဘက်မှာ 12MP+20MP Dual Camera တပ်ဆင်ထားပြီး  ကင်မရာများမှာ OIS နဲ့ EIS Stabilization များ ပါပါတယ်။ အရှေ့ဘက်မှာတော့ 20MP Camera တစ်လုံး ထည့်ပေးထားပါတယ်။ ပိုမိုတိုးတက်အဆင့်မြင့်လာတဲ့  Flyme V7.0 အသစ်ကို ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Apple Taptic Engine နဲ စွမ်းရည်တူတဲ့ Haptic Feedback System ဖြစ်တဲ့ mEngine အသစ်ကိုလည်း သုံးနိုင်မှာပါ။

ဝ.၀၈ စက္ကန့်အတွင်းမှာ ဖုန်းကို Unlock လုပ်ပေးနိုင်တဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ တစ်ခု ပါပါတယ်။ တရုတ် ဥာဏ်ရည်တု နည်းပညာ ကုမ္ပဏီ Sensetime ရဲ့ မျက်နှာ အာရုံခံ နည်းပညာလည်း ပါပါတယ်။ ဥာဏ်ရည်တု နည်းပညာလည်း ပါပါတယ်။ ကိုယ်ထည်ကို အလူမီနီယမ်ဖြင့် တည်ဆောက်ထားပါတယ်။ 3500mAh Battery ပါပြီး အနက်၊ အညိုနဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ တန်ဖိုးနည်း မော်ဒယ်ကို ယွမ် ၃၀၀၀ နဲ့ တန်ဖိုးကြီး မော်ဒယ်ကို ယွမ် ၃၃၀၀ သတ်မှတ်ထားပါတယ်။

ကျော်စိုးမိုး(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*