အရွယ်မတိုင်မီ ပန်းသေပန်းညှိုးမဖြစ်စေဖို့ ကြိုတင်ကာကွယ်လိုက်နာရမည့် အရာများ

အမျိုးသားထုကြီးကို ထိတ်လန့်စိုးရိမ်မှုပေးနိုင်တဲ့ အန္တရာယ်ကတော့ ပန်းသေပန်းညှိုးပါပဲ။ အသက်အရွယ် ကြီးရင့်သူများမှာ ဒီရောဂါ ဖြစ်ကြသော်လည်း အချို့အတွက် အရွယ်မတိုင်ခင် ပန်းသေပန်းညှိုး ဖြစ်လာနိုင်ပါတယ်။

ပန်းသေပန်းညှိုး ဖြစ်လာပြီဆိုလျှင် မိမိကိုယ်ကိုယုံကြည်မှုနည်းလာခြင်း ၊ စိတ်ဖိစီးမှုဖြစ်ခြင်း ၊ လုပ်ငန်းခွင်တွင်း အဆင်မပြေခြင်း ၊ အိမ်ထောင်ရေး ထိခိုက်လာနိုင်ခြင်း စတဲ့ ဆိုးကျိုးတွေ များစွာ ဖြစ်လာပါတော့တယ်။ ဒီလို ကြောက်စရာ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နေထိုင်မှုတွေလုပ်ဖို့ လိုပါတယ်။

၁။ အစားအသောက်ကို ရွေးချယ်ဂရုစိုက်စားသုံးပါ။ အထူးသဖြင့် သွေးလည်ပတ်မှုကောင်းစေသော အစားအသောက်တွေကို ရွေးချယ်စားသုံးပါ ။ အသီးအနှံ ၊ ဟင်းသီးဟင်းရွက် ၊ အသားငါး၊အစေ့အဆန် ၊ ဝိုင်နီ စသည်တို့ကို ရွေးချယ်စားသုံးသင့်ပြီး အဆီများသော အစားအစာ ၊ fast food တို့ကို ရှောင်သင့်ပါသည် ။

၂။ကိုယ်အလေးချိန်ထိန်းသိမ်းမှုရှိပါ ။ အမျိုးသားတွေဟာ မိမိ အသက်အရွယ် ၊အရပ်အမောင်းနဲ့ ထိုက်သင့်တဲ့ ကိုယ်အလေးချိန်တော့ ရှိသင့်ပါတယ် ။ ပိန်လွန်း ၊ ဝလွန်းသော အမျိုးသားတွေဟာ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ပိုများပါတယ် ။ ဒါ့အပြင် ဆီးချိုမဖြစ်အောင်လည်း ဂရုစိုက်ပါ ။ ဆီးချိုရောဂါကြောင့် အမျိုးသားအင်္ဂါကျန်းမာရေးမှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

၃။ စိတ်ဖိစီးမှုများနေလျှင်လည်း ပန်းသေပန်းညှိုးဖြစ်နိုင်တာကြောင့် အတတ်နိုင်ဆုံး စိတ်ဖိစီးမှုတွေကို လှျော့့ချထားပါ။ စိတ်ကို အနားပေးပါ။

၎။အန္တရာယ်ရှိသော ပုံစံမျိုးဖြင့် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။ တစ်ခါတစ်ရံမှာ ပန်းသေပန်းညှိုးဟာ ဆက်ဆံနေရင်းနဲ့ပင် ဖြစ်နိုင်ပါတယ် ။ သက်တောင့်သက်သာမရှိတဲ့ ပုံစံအနေအထားမျိုးနဲ့ ဆက်ဆံတဲ့အခါ အမျိုးသားအင်္ဂါမှာ ထိခို်က်နာကြင်မှုတွေ ဖြစ်လာစေနိုင်ပါတယ် ။ ဒီလိုဖြစ်တဲ့အခါ ဆရာဝန်ကိုသာ ပွင့်ပွင်းလင်းလင်းဖွင့်ပြောပြီး ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ လမ်းညွှန်မှုတွေကို တောင်းခံနာယူတာက အကောင်းဆုံးပါပဲ။

၅။ အရက်လုံးဝမသောက်ပါနှင့် ။ ဖြစ်နိုင်လျှင် နေ့စဉ်မသောက်ပါနဲ့။  အလွန်အကျွံမသောက်ပါနဲ့။ အရက်နေ့စဉ်ပုံမှန်သောက်သူတွေဟာ အသည်းရောဂါ ၊ အာရုံကြောရောဂါတွေအပြင် ကျားဟော်မုန်းlevel ကို အနှောင့်အယှက်ဖြစ်စေပြီး ပန်းသေပန်းညှိုးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

၆။အတတ်နိုင်ဆုံး ဆေးလိပ်မသောက်ပါနှင့်။ လျှော့ချပါ။ ဆေးလိပ်သောက်ခြင်းက  သွေးကြောများကို ကျဉ်းကြုံ့စေပြီး အမျိုးသာအင်္ဂါဆီ ကောင်းစွာ သွေးမစီးဆင်းနိုင်အောင် အနှောင့်အယှက် ပြုပါပတယ်။ အမျိုးသားအင်္ဂါကို ကျုံ့ပြီး တဖြေးဖြေး သေးငယ်လာစေတယ်လို့ ဆိုပါတယ်။

၇။Anabolic Steroid(ကြွက်သားများ ကြီးထွားစေသောဆေး) တွေကို ရှောင်ပါ။ Body Builder သမားတွေ ၊ အားကစားသမားတွေအတွက်လည်း တားမြစ်ထားတဲ့ ဆေးတွေပဲ ဖြစ်ပါတယ် ။ ဒီဆေးတွေဟာ ကျားဟော်မုန်း testosterone ကို လျော့နည်းစေပြီး ပန်းသေပန်းညှိုးဖြစ်စေဖို့ အားပေးနေပါတယ်။

၈။လေ့ကျင့်ခန်းပုံမှန်လုပ်ပါ ။ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းက အမျိုးသားတွေအတွက် ပန်းသေပန်းညှိုးဖြစ်နိုင်မှုကို လျော့ကျစေပါတယ် ။ ရေကူးခြင်းအပြင် အခြား အေးရိုးပစ် လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးပါ။

၉။ သွေးတိုးခြင်းနှင့် ကိုယ်တွင်း ကိုလက်စထရောဓါတ်များတိုးခြင်းမဖြစ်အောင် နေထိုင်စားသောက်ပါ။ အငန်စားခြင်း နှင့် အဆီများသော ဆီကြော်စာများစားသုံးခြင်း တတ်နိုင်သရွေ့ ရှောင်ပါ။

CHAN (ရွှေအင်းလေး)

 

Be the first to comment

Leave a Reply

Your email address will not be published.


*