Samsung Galaxy A6(2018) နဲ့ Galaxy A6+(2018) တို့ရဲ့အချက်အလက်များ

Samsung ရဲ့အသစ်ထွက်မယ့် စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy A6+(2018) နဲ့ Galaxy A6(218) တို့နှင့်ပတ်သက်ပြီး နေ့စဉ် ရက်ဆက်ဆိုသလို သတင်းများ ထွက်ပေါ်နေပါတယ်။ ဒီနေ့မှာတော့  Samsung Galaxy A6+(2018) နှင့် Galaxy A6(218) တို့ရဲ့ ဈေးနှုန်း ပေါက်ကြားလာခဲ့ပြန်ပါတယ်။ Galaxy A6(2018) ရဲ့ ဈေးနှုန်းက ယူရို ၃၀၀ မှ ယူရို ၃၄၀ အတွင်း ဖြစ်လာမှာ ဖြစ်ပြီး Plus ဗားရှင်းရဲ့ဈေးနှုန်းက ယူရို ၄၀၀ ဖြစ်လာပါမယ်။

Samsung Galaxy A6(2018) မှာ မျက်နှာပြင် ၅.၆ လက်မဖြစ်ပြီး Super AMOLED 1440×720 p ရုပ်ထွက်နဲ့ ထောက်ပံ့လာမှာဖြစ်ပြီး၊ပရိုဆက်ဆာပိုင်းမှာတော့  Exynos 7870 Chipset မှာ  RAM3GB ကိုသုံးလာမှာပါ။ နိုင်ငံအချို့မှာ RAM4GB သုံးထားတဲ့ဖုန်းကို ရောင်းချပါမယ်။ ကျောဘက်ကင်မရာက 16MP f/1.7 ဖြစ်ပြီး ရှေ့ကင်မရာက 16MP f/1.9 သုံးလာမှာ ဖြစ်ပါတယ်။ ကင်မရာနှစ်ဖက်စလုံးအတွက် LED Flash ထည့်သွင်းထားပါတယ်။

Plus ဗားရှင်းမှာတော့ဘ  မျက်နှာပြင် ၆ လက်မဖြစ်ပါတယ်။ Super AMOLED 2220×1080 p ရုပ်ထွက်နဲ့အတူ ပရိုဆက်ဆာမှာ Snapdragon 625 ပံ့ပိုးထားမှာပါ။  ဖုန်းနှစ်မျိုးလုံးမှာ Android 8.1 Oreo ပါဝင်မှာ ဖြစ်ပြီး SIM ကတ်နှစ်ကတ်အပြင် microSD လည်း သုံးနိုင်ပါမယ်။RAM3GB နှင့် RAM4GB ဖြစ်ပါတယ်။ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပြီး 16MP f/1.7+5MP f/1.9 ဖြစ်ပါတယ်။ ရှေ့ကင်မရာက 24MP f/1.9 ဖြစ်ပါတယ်။ Galaxy A6+(2018) ဗားရှင်းမှာ ဘက်ထရီ 3500 mAh ပါဝင်ပြီး Galaxy A6(2018) မှာ ဘက်ထရီ 3000 mAh စွမ်းအားနဲ့ဖြစ်မှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*