Android Oreo နဲ့ Infinity Display ပါဝင်တဲ့ Galaxy A6 ၊A6+ ကို Samsung မိတ်ဆက်

Samsung ဟာ Galaxy A6 နဲ့ Galaxy A6+ တို့ကို ကြေညာလာပြီ ဖြစ်ပါတယ်။ ဖုန်းသစ်နှစ်လုံးက entry-level ဖုန်းများ ဖြစ်ကြပေမယ့် Super AMOLED Infinity Display 18:5:9 ရုပ်ထွက် သုံးထားပါတယ်။  Galaxy A6 ရဲ့ မျက်နှာပြင် ၅.၆ လက်မရှိပြီး 720×1480 ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ဖုန်းရဲ့အတိုင်းအတာက 149.9×70.8×7.7 mm ရှိပြီး Anroid 8.0 Oreo သုံးထားပါတယ်။ ကျောဘက်ကင်မရာက 16MP f/1.7 ဖြစ်ပြီး ရှေ့ကင်မရာကလည်း 16MP f/1.9 ဖြစ်ပါတယ်။ ကင်မရာနှစ်ခုစလုံးအတွက် LED Flash ထည့်သွင်းပေးထားပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ Octa-core 1.6GHz CPU နဲ့အတူ RAM3GB မှာ 32GB ဗားရှင်း(သို့) RAM4GB+64GB ဗားရှင်းတို့ကို ရွေးချယ်နိုင်ပါတယ်။ microSD မှ တစ်ဆင့် 256GB အထိထပ်မံ တိုးမြှင့်နိုင်ပါတယ်။ ဘက်ထရီစွမ်းအာ3း000 mAh ပါဝင်ပါတယ်။  A6+ မှာလည်း Android 8.0 Oreo သုံးထားပါတယ်။

Galaxy A6+ မှာတော့ မျက်နှာပြင် ၆ လက်မရှိပြီး 1080×2220 ရုပ်ထွက်သုံးထားပါတယ်။ဖုန်းရဲ့အတိုင်းအတာက 160.2×75.7×7.9 mm ဖြစ်ပါတယ်။ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပါတယ်။ 16MP f/1.7+5MP f/1.9 ဖြစ်ပါတယ်။Selfies ရှေ့ကင်မရာက 24MP f/1.9 ဖြစ်ပြီး LED Flash ထောက်ပံ့ပေးထားပါတယ်။  Octa-core 1.8GHz ပရိုဆက်ဆာ ပါဝါထောက်ပံ့ထားပါတယ်။ RAM နဲ့Storage ပိုင်းမှာတော့ A6 နဲ့အတူတူ ဖြစ်ပါတယ်။ ဘက်ထရီ စွမ်းအား 3500 mAh ပါဝင်ပါတယ်။

ဖုန်းနှစ်မျိုးစလုံးကို LTE Cat.6 ၊ Wi-Fi 802.11 a/b/g/n ၊ Bluetooth 4.2 ၊ NFC ၊ GPS ၊ Glonass ၊ BeiDou တို့ ပါဝင်ပါတယ်။ A6 နှင့် A6+ တို့ကို အနက်ရောင်၊ ရွှေရောင်၊ အပြာရောင်၊ ခဲရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။ ဖုန်းအသစ်တွေကို မေလ အစောပိုင်းမှာပဲ ဥရောပ၊ အာရှ၊ လက်တင်အမေရိကတို့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး တောင်ကိုးရီးယား၊ အာဖရိကနှင့် တရုတ်တို့မှာလည်း နောက်ပိုင်းမှာ ရောင်းချသွားပါမယ်။

ကျော်စိုးမိုး(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*