မှဲ့ကပြောတဲ့ သင့်အကြောင်း

ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ မွေးရာပါအမှတ်၊ မှဲ့တွေကတစ်ဆင့် လူတွေရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းကြည့်လို့ ရနိုင်တယ်လို့ တရုတ်နဲ့ ဟိန္ဒူ နက္ခတ်ဗေဒင်တွေအရ အယူရှိကြပါတယ်။ ဒီတော့… သင့်ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာရှိတဲ့ မှဲ့က ဘာကိုရည်ညွှန်းနေလဲ ဆိုတာကို ကြည့်လိုက်ရအောင်။

(၁) လက်ဖဝါးပေါ်ကမှဲ့

ညာဘက် လက်ဖဝါးပေါ်မှာ မှဲ့ရှိတဲ့သူတွေက စဉ်းစားတွေးခေါ်နိုင်စွမ်းရှိပြီး အတွက်အချက် တော်ကြတယ်လို့ ဆိုထားပါတယ်။ ဘယ်ဘက်လက်မှာ မှဲ့ပါတဲ့သူတွေကျတော့ အသုံးအဖြုန်းကြီး ကြတဲ့သူတွေပါတဲ့။

(၂) နဖူးပေါ်ကမှဲ့

နဖူးရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် မှဲ့ပါလာခဲ့ရင် သင်ဟာလူအများကို လွှမ်းမိုးနိုင်စွမ်း ရှိသူတစ်ယောက်ပါပဲ။ သင့်မှာ ဦးဆောင်နိုင်တဲ့ စွမ်းရည်ပိုင်ဆိုင်ထားပြီး သင့်ရဲ့ဆုံးဖြတ်ချက်တိုင်းကို အကောင်းဆုံး ချမှတ်နိုင်သူပါ။

(၃) နှာခေါင်းကမှဲ့

နှာခေါင်းမှာ မှဲ့ပါသူတွေကတော့ လိင်ဘက်ပိုင်း ဆိုင်ရာ ဦးစားပေးတတ်သူဖြစ်ပြီး လောင်းကစားကို ခုံမင်နှစ်ခြိုက်တတ်ကြပါတယ်။ သူတို့ဟာ အချစ်ရေးကို ဦးစားပေးတတ်ကြသူတွေဖြစ်ပြီး အချစ်ရေးမှာလည်း အဟန့်အတား၊ အတားအဆီးတွေနဲ့ ကြုံတွေ့တတ်တဲ့ သူမျိုးပါလို့ တရုတ်နက္ခတ် အယူအရ ဆိုထားပါတယ်။

(၄) ပါးပြင်ပေါ်ကမှဲ့

ညာဘက်ပါးပြင်ထက်မှာ မှဲ့ပါတယ်ဆိုရင် သင်ဟာ စိတ်ခံစားထိခိုက်လွယ်သူ တစ်ဦးပါပဲ။ အကြောင်းအရာ တစ်ခုကို အချိန်ကြာရှည်စွာ တွေးတောနေတတ်ပါတယ်။ ဘယ်ဘက်ပါးပြင်ထက် မှဲ့ပါတဲ့သူတွေကျတော့ ခပ်ချေချေနေတတ်ကြပြီး သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေဖွဲ့ဖို့ ခဲယဉ်းတတ်ကြပါတယ်တဲ့။

(၅) နားရွက်ကမှဲ့

နားမှာ မှဲ့ ဒါမှမဟုတ် မွေးရာပါ အမှတ်ပါတဲ့သူတွေက ကိုယ်ပိုင်တီထွင်ဉာဏ်စွမ်းအား ကောင်းကြပြီး Talent တစ်ခုခုကို ပိုင်ဆိုင်ထားသူတွေပါ။ သူတို့ရဲ့ အတွေးအခေါ် တွေက သူများနဲ့ မတူဘဲ တမူ ထူးခြားကောင်းမွန် နေတတ်ပါတယ်။

(၆) နှုတ်ခမ်းတစ်ဝိုက်မှဲ့

တကယ်လို့ နှုတ်ခမ်းရဲ့ အပေါ်ဘက်မှာတစ်ဝိုက်မှာ မှဲ့ရှိတယ်ဆိုရင် သင်ဟာ အလွန်စကားများတဲ့သူ၊ စကားပြောကောင်းသူ တစ်ယောက်ပါပဲ။ အောက်နှုတ်ခမ်းမှာ ဆိုရင်တော့ အစားအသောက် မက်မောသူဖြစ်ပြီး အလိုလိုက်ခံရတာကို နှစ်ခြိုက်တတ်သူတွေပါတဲ့။ မှေးစေ့မှာ မှဲ့ပါတယ်ဆိုရင်တော့ သင်ဟာကံကောင်းသူ တစ်ဦးပါပဲ။ သင့်အတွက် လိုချင်သမျှ အရာရာတိုင်းကို လွယ်လွယ်ကူကူနဲ့ ရယူနိုင်တဲ့သူတွေပါ။

(၇) ခြေထောက်ကမှဲ့

ခြေထောက်မှာ မှဲ့ပါတဲ့သူတွေကတော့ ခရီးသွားရတာကို နှစ်ခြိုက်ကြပြီး ကမ္ဘာပတ်ဖို့ မွေးဖွားလာကြသူ လို့တောင် တင်စားထားပါတယ်။ အသစ်အသစ်သော အရာတွေကို စူးစမ်းလိုစိတ်ရှိပြီး ပတ်ဝန်းကျင်သစ်နဲ့လည်း လိုက်လျောညီထွေအောင် နေထိုင်တတ်သူတွေပါ။

(၈) လည်ပင်းကမှဲ့

လည်ပင်းမှာမှဲ့ပါတဲ့သူတွေက စည်းစိမ်ချမ်းသာကို မက်မောတတ်ကြပေမယ့် လူမိုက်နှင့်ငွေ အတူမနေ ဆိုသလို ဖြစ်နေတတ်ပါတယ်တဲ့။

(၉) လက်မောင်းပေါ်ကမှဲ့

လက်မောင်းရဲ့ တစ်နေရာရာမှာ မှဲ့ပါလာခဲ့ရင် သင်ဟာ အေးဆေးတည်ငြိမ်စွာ နေတတ်သူကြီးပါ။ တံတောင်ဆစ်တစ်ဝိုက် ဆိုရင်တော့ ခရီးသွားရတာကိုနှစ်သက်ကြပြီး လက်မောင်းတစ်ဝိုက်မှာ ရှိတယ်ဆိုရင်တော့ ကိစ္စရပ်တိုင်းကို စေ့စပ်သေချာစွာ လုပ်ကိုင်နိုင်သူတစ်ယောက်ပါပဲ။

(၁၀) ပခုံးထက်ကမှဲ့

ပခုံးထက်မှာ မှဲ့ပါတဲ့သူတွေက အပြောနဲ့ အလုပ်ညီပြီး လက်တွေ့ကျကျ အကောင်အထည် ဖော်တတ်သူ တွေပါ။ လူမှုဆက်ဆံရေးကောင်းကြသူဖြစ်ပြီး လူချစ်လူခင်ပေါများ တဲ့သူတွေပါ။

နန်း(ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*