Latest post

Shichida Right Brain School Grand Opening Ceremony ကျင်းပ

လက်ရှိတက်ရောက်နေသော ရှီချီဒါကျောင်းသား/သူများအတွက် Lucky Draw Programများ (၁နှစ်အခမဲ့တက်ရောက်ခွင့် ၁ဆု၊ ၆လအခမဲ့တက်ရောက်ခွင့် ၃ဆု၊ ၃လအခမဲ့တက်ရောက်ခွင့် ၆ဆု) ၊ ရှီချီဒါကျောင်းသားဟောင်းများအတွက် Special Discount Program များ နှင့် ရှီချီဒါကျောင်းသား/သူ သစ်များအတွက် Registration Fee 50% Discount ပေးအပ်သွားမည်

ရန်ကုန်၊ မေလ ၅ရက်နေ့ (စနေနေ့)

Shichida Right Brain School သည်  အသက် ၆ လမှ ၆နှစ်ခွဲအရွယ် သားငယ် သမီးငယ်များ၏ ဦးနှောက်အသိဥာဏ် မှန်ကန်စွာ ဖွံ့ဖြိုး၍ ပညာသင်ယူရေးကို ကောင်းစွာ အထောက်အကူပြုစေမည့် Right Brain Education Method ကို သင်ကြားပေးနေသည့် ကျောင်းဖြစ်ပြီး ယခင် Novotel Hotel မှ ယခု လင့်လမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ Time Link Condo သို့ ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

Shichida Right Brain School သည် ကမ္ဘာပေါ်တွင်ပထမဦးဆုံးဖွင့်လှစ်ခဲ့သော Right Brain School ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ဂျပန်နိုင်ငံတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါဂျပန်နိုင်ငံတွင် Right Brain Education Method ကို Shichida Right Brain School ကျောင်းခွဲပေါင်း ၄၆၀ ကျော်တွင် သင်ကြားပေးလျှက်ရှိပြီး၊ အမေရိက၊ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ထိုင်ဝမ်၊ မလေးရှား တို့တွင်လည်း ကျောင်းခွဲပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ကာ ကလေးငယ်လေးများကို ကောင်းမွန်မှန်ကန်သော ဦးနှောက်ဖွံ့ဖြိုးမှု ရရှိစေရန် လမ်းပြဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျောင်းသစ်ဖွင့်လှစ်ခြင်းအခမ်းအနား (မနက်ပိုင်း)တွင်  ထပ်ဆင့်အကယ်ဒမီသရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ ရှီချီဒါကျောင်းသားမိဘများနှင့် ရှီချီဒါမိသားစုမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ရှီချီဒါ၏ CEO ဦးဖြိုးဝေလှမှလည်း Time Link Condo သို့ပြောင်းရွှေ့ဖွင့်လှစ်ခြင်းနှင့် ဆက်စပ်ပြီး ယခင် Novotel Hotel တွင် ရရှိခဲ့သော Facilities များထပ်သာလွန်ကောင်းမွန်သော နေရာထိုင်ခင်းများ၊ ကလေးကစားကွင်းမျာ;အား စီစဉ်ပေးထားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ရှီချီဒါကျောင်းသစ်ကြီး ဖွင့်လှစ်ခဲ့ခြင်းအထိမ်းအမှတ်အနေဖြင့် လက်ရှိတက်ရောက်နေသော ရှီချီဒါကျောင်းသား/သူများအတွက် Lucky Draw Programများ (၁နှစ်အခမဲ့တက်ရောက်ခွင့် ၁ဆု၊ ၆လအခမဲ့တက်ရောက်ခွင့် ၃ဆု၊ ၃လအခမဲ့တက်ရောက်ခွင့် ၆ဆု) ၊ ရှီချီဒါကျောင်းသားဟောင်းများအတွက် Special Discount Program များ နှင့် ရှီချီဒါကျောင်းသား/သူ သစ်များအတွက် Registration Fee 50% Discount ပေးအပ်သွားမည်ဖြစ်သည်။

ထို့နောက် ကြွရောက်လာသော ဧည့်သည်များအား အစားအသာက်များဖြင့် တည်ခင်းဧည့်ကျွေးမွေး ခဲ့ပြီး နေ့လည်ပိုင်းတွင်လည်း “Open House” ပြုလုပ်ပေးထားကာ စိတ်ပါဝင်စားသူ မိဘပြည်သူများအားလုံး ရှီချီဒါကျောင်းအား လေ့လာကြည်ရှုနိုင်စေရန်ပြုလုပ်ထားရှိပေးမည်ဖြစ်သည်။  

 

Be the first to comment

Leave a Reply

Your email address will not be published.


*