Asus ရဲ႕ ROG Gaming စမတ္ဖုန္းကို ဇြန္လမွာ ေတြ႕ရႏုိင္

မၾကာခင္မွာ ထိုင္ဝမ္စမတ္ဖုန္းကုမၸဏီ Asus က ROG brand နဲ ့ဂိမ္းဖုန္းသစ္ မိတ္ဆက္ေတာ့မယ္လို ့ဆိုပါတယ္။ Gaming Smartphone ေတြရဲ့ ေခတ္ကို Razer Phone နဲ ့စဖြင့္လိုက္ျပီးေနာက္ တရုတ္ဖုန္းကုမၸဏီေတြ ျဖစ္တဲ့ Xiaomi (   Black Shark )နဲ ့ ZTE(nubia Red Magic) တို ့ကလည္း ကိုယ္ပိုင္နည္းပညာနဲ ့ဂိမ္းဖုန္းေတြ လုိက္ထုတ္ခဲ့ပါတယ္။

Republic of Gamers ကို ROG လို ့အတိုေကာက္ေခၚထားတဲ့ ဒီဖုန္းဟာ Asus ရဲ့ ပထမဆံုး ဂိမ္းဖုန္းျဖစ္ျပီး Gaming smartphone ေတြရဲ့ ဟန္အတိုင္း အဆင့္ျမင့္ စြမ္းေဆာင္ရည္ ေတြနဲ ့လာမွာပါ။ ROG phone သစ္ဟာ ဂိမ္းဖုန္းေတြရဲ့ဟန္အတိုင္း flagship processor ျဖစ္တဲ့ Snapdragon 845 chipset ကိုမွ အနည္းဆံုး RAM 6GB ဗားရွင္းကို သံုးသြားဖို ့ရိွပါတယ္။ အျမင့္ဗားရွင္းမွာေတာ့ Xiaomi Black shark လိုပဲ RAM 8GB ကိုမွ storage အျမင့္စားနဲ ့လာဖို ့လည္း မ်ားပါတယ္။

ကြန္ပ်ဴတာေတြကို အဓိကထုတ္တဲ့ Asus ဟာ ROG phone အေၾကာင္း အေသးစိတ္ ဘာမွ မေျပာေသးဘဲ ေရငံုႏႈတ္ပိတ္ထားတဆဲပါ။ ဒီဖုန္းမွာ ဘယ္လို GPU သစ္ေတြ ၊ စြမ္းေဆာင္ရည္သစ္ေတြနဲ ့feature သစ္ေတြ ပါမလဲဆိုတာ အခုခ်ိန္ထိေတာ့ ေျပာလို ့မရေသးပါဘူး။ သတင္းတစ္ခုကေတာ့ ဒီဖုန္းဟာ refresh rate မွာ120Hz(သို႔) 144Hz screen ထိ သံုးသြားမယ္လို ့ဆိုပါတယ္။ Razer phone မွာက 120Hz screen ကို စသံုးထားပါတယ္။ အတြင္း သတင္းမ်ားအရ Asus က ဇြန္လ ၅ ရက္နဲ႔ ၉ ရက္ေန႔အတြင္းမွာ ထိုင္၀မ္တြင္ က်င္းပမယ့္ Computex ပြဲမွာ အဲဒီ ဂိမ္း စမတ္ဖုန္းကို မိတ္ဆက္မယ္လို႔ သိရပါတယ္။ အေသးစိတ္တိက်တဲ့ အခ်က္အလက္မ်ားကိုေတာ့ မသိရေသးပါဘူး။

#UNICODE

မကြာခင်မှာ ထိုင်ဝမ်စမတ်ဖုန်းကုမ္ပဏီ Asus က ROG brand နဲ့ဂိမ်းဖုန်းသစ် မိတ်ဆက်တော့မယ်လို့ဆိုပါတယ်။ Gaming Smartphone တွေရဲ့ ခေတ်ကို Razer Phone နဲ့စဖွင့်လိုက်ပြီးနောက် တရုတ်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ Xiaomi (   Black Shark )နဲ့ ZTE(nubia Red Magic) တို့ကလည်း ကိုယ်ပိုင်နည်းပညာနဲ့ဂိမ်းဖုန်းတွေ လိုက်ထုတ်ခဲ့ပါတယ်။

Republic of Gamers ကို ROG လို့အတိုကောက်ခေါ်ထားတဲ့ ဒီဖုန်းဟာ Asus ရဲ့ ပထမဆုံး ဂိမ်းဖုန်းဖြစ်ပြီး Gaming smartphone တွေရဲ့ ဟန်အတိုင်း အဆင့်မြင့် စွမ်းဆောင်ရည် တွေနဲ့လာမှာပါ။ ROG phone သစ်ဟာ ဂိမ်းဖုန်းတွေရဲ့ဟန်အတိုင်း flagship processor ဖြစ်တဲ့ Snapdragon 845 chipset ကိုမှ အနည်းဆုံး RAM 6GB ဗားရှင်းကို သုံးသွားဖို့ရှိပါတယ်။ အမြင့်ဗားရှင်းမှာတော့ Xiaomi Black shark လိုပဲ RAM 8GB ကိုမှ storage အမြင့်စားနဲ့လာဖို့လည်း များပါတယ်။

ကွန်ပျူတာတွေကို အဓိကထုတ်တဲ့ Asus ဟာ ROG phone အကြောင်း အသေးစိတ် ဘာမှ မပြောသေးဘဲ ရေငုံနှုတ်ပိတ်ထားတဆဲပါ။ ဒီဖုန်းမှာ ဘယ်လို GPU သစ်တွေ ၊ စွမ်းဆောင်ရည်သစ်တွေနဲ့feature သစ်တွေ ပါမလဲဆိုတာ အခုချိန်ထိတော့ ပြောလို့မရသေးပါဘူး။ သတင်းတစ်ခုကတော့ ဒီဖုန်းဟာ refresh rate မှာ120Hz(သို့) 144Hz screen ထိ သုံးသွားမယ်လို့ဆိုပါတယ်။ Razer phone မှာက 120Hz screen ကို စသုံးထားပါတယ်။ အတွင်း သတင်းများအရ Asus က ဇွန်လ ၅ ရက်နဲ့ ၉ ရက်နေ့အတွင်းမှာ ထိုင်ဝမ်တွင် ကျင်းပမယ့် Computex ပွဲမှာ အဲဒီ ဂိမ်း စမတ်ဖုန်းကို မိတ်ဆက်မယ်လို့ သိရပါတယ်။ အသေးစိတ်တိကျတဲ့ အချက်အလက်များကိုတော့ မသိရသေးပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*