မ်က္ႏွာျပင္အျပည့္နီးပါးနဲ႔ ထြက္လာမယ့္ Lenovo Z5

လြန္ခဲ့တဲ့ အပတ္တုန္းက Lenovo ရဲ႕ဒုဥကၠဌ ေခ်ာင္ခ်န္းဟာ Notch ဒီဇိုင္းမပါ၀င္တဲ့ မ်က္ႏွာျပင္အျပည့္႐ုပ္ထြက္ သံုးထားတဲ့ ဖုန္းတစ္လံုးရဲ႕ ေထာင့္ကို အြန္လုိင္းမွာ တင္ခဲ့ဖူးပါတယ္။ ဒီေန႔မွာေတာ့ ေခ်ာင္ခ်န္းဟာ  အဆိုပါဖုန္းနဲ႔ပတ္သက္ၿပီး ပိုၿပီးေတာ့ စိတ္၀င္စားဖို႔ ေကာင္းတာ တင္လာပါတယ္။ မ်က္ႏွာျပင္႐ုပ္ထြက္ အျပည့္နီးပါး သံုးထားတဲ့ဖုန္းရဲ႕ ပံုၾကမ္းကုိ တင္လာတာ ျဖစ္ပါတယ္။ ယင္းဖုန္းက Lenovo Z5 ဖုန္းလုိ႔ ေခၚေ၀ၚမယ္လုိ႔ ဆိုေနၾကပါတယ္။

Lenovo Z5 မွာ Screen-To Body Ratio က ၁၀၀ ရာခိုင္ႏႈန္းနီးပါးအထိ ရွိေနပါတယ္။ ဒါ့အျပင္ ေခ်ာင္ခ်န္းက ယင္းဖုန္းမွာ မ်က္ႏွာျပင္႐ုပ္ထြက္ ရာႏႈန္းျပည့္နီးပါး သံုးႏုိင္ေအာင္ လုပ္ေဆာင္ေပးမယ့္ နည္းပညာသစ္ ေလးခု ပါ၀င္လာမယ္လို႔ ဆုိထားပါတယ္။ ေျပာရမယ္ဆုိရင္ ကင္မရာ၊ ဖုန္းေခၚဆုိမႈစပီကာႏွင့္ လက္ေဗြရာစနစ္တို႔ကို ဆိုလိုတာ ျဖစ္ပါတယ္။ သူ႕မွာပါဝင္ႏုိင္တဲ့ အခ်က္အလက္ေတြကေတာ့ မ်က္ႏွာျပင္6-inchလက္မရွိႏိုင္ၿပီး 2280 x 1080 Pixels မွာ IPS LCD သုံးထားမွာပါ။ ပရိုဆက္ဆာပိုင္းမွာ Qualcomm ရဲ႕ Octa-core ကိုသုံးလာမွာျဖစ္ၿပီး 4GB/ 6GBRAM မွာ အခ်က္အလက္သိုေလွာင္ႏုိင္စြမ္းအတြက္ 64GB ျဖစ္ၿပီး Card Slot ျပဳလုပ္ကာ 256GB အထိတိုးျမင့္ႏိုင္ပါလိမ့္မယ္။

ကင္မရာပိုင္းမွာေတာ့ ေနာက္ေက်ာဘက္မွာ dual တပ္ဆင္ေပးထားႏုိင္ပါတယ္။ အရည္အေသြးကိုေတာ့ မသိရေသးပါဘူး။ အေရွ႕ဘက္မွာေတာ့ 16MP Selfie ကင္မရာတပ္ထားေပးမွာျဖစ္ၿပီး Android  OS v8.1 Oreo ေမာင္းႏွင္ပါလိမ့္မယ္။ OTG ေထာက္ပံ့တဲ့ Micro USB 2.0 နဲ႔ထြက္လာႏိုင္ေျခရွိပါတယ္။ Lenovo ဟာ Lenovo Z5 ကို ဇြန္လ ၁၄ ရက္ေန႔မွာ မိတ္ဆက္လာပါမယ္။ လာမယ့္ရက္ေတြမွာ ဒီဖုန္းနဲ႔ ပတ္သက္ၿပီး သတင္းေတြ ပုိၿပီးေတာ့ သိလာရဖုိ႔ ရွိပါတယ္။

#UNICODE

လွန်ခဲ့တဲ့ အပတ်တုန်းက Lenovo ရဲ့ဒုဥက္ကဌ ချောင်ချန်းဟာ Notch ဒီဇိုင်းမပါဝင်တဲ့ မျက်နှာပြင်အပြည့်ရုပ်ထွက် သုံးထားတဲ့ ဖုန်းတစ်လုံးရဲ့ ထောင့်ကို အွန်လိုင်းမှာ တင်ခဲ့ဖူးပါတယ်။ ဒီနေ့မှာတော့ ချောင်ချန်းဟာ  အဆိုပါဖုန်းနဲ့ပတ်သက်ပြီး ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းတာ တင်လာပါတယ်။ မျက်နှာပြင်ရုပ်ထွက် အပြည့်နီးပါး သုံးထားတဲ့ဖုန်းရဲ့ ပုံကြမ်းကို တင်လာတာ ဖြစ်ပါတယ်။ ယင်းဖုန်းက Lenovo Z5 ဖုန်းလို့ ခေါ်ဝေါ်မယ်လို့ ဆိုနေကြပါတယ်။

Lenovo Z5 မှာ Screen-To Body Ratio က ၁၀၀ ရာခိုင်နှုန်းနီးပါးအထိ ရှိနေပါတယ်။ ဒါ့အပြင် ချောင်ချန်းက ယင်းဖုန်းမှာ မျက်နှာပြင်ရုပ်ထွက် ရာနှုန်းပြည့်နီးပါး သုံးနိုင်အောင် လုပ်ဆောင်ပေးမယ့် နည်းပညာသစ် လေးခု ပါဝင်လာမယ်လို့ ဆိုထားပါတယ်။ ပြောရမယ်ဆိုရင် ကင်မရာ၊ ဖုန်းခေါ်ဆိုမှုစပီကာနှင့် လက်ဗွေရာစနစ်တို့ကို ဆိုလိုတာ ဖြစ်ပါတယ်။ သူ့မှာပါဝင်နိုင်တဲ့ အချက်အလက်တွေကတော့ မျက်နှာပြင်6-inchလက်မရှိနိုင်ပြီး 2280 x 1080 Pixels မှာ IPS LCD သုံးထားမှာပါ။ ပရိုဆက်ဆာပိုင်းမှာ Qualcomm ရဲ့ Octa-core ကိုသုံးလာမှာဖြစ်ပြီး 4GB/ 6GBRAM မှာ အချက်အလက်သိုလှောင်နိုင်စွမ်းအတွက် 64GB ဖြစ်ပြီး Card Slot ပြုလုပ်ကာ 256GB အထိတိုးမြင့်နိုင်ပါလိမ့်မယ်။

ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ dual တပ်ဆင်ပေးထားနိုင်ပါတယ်။ အရည်အသွေးကိုတော့ မသိရသေးပါဘူး။ အရှေ့ဘက်မှာတော့ 16MP Selfie ကင်မရာတပ်ထားပေးမှာဖြစ်ပြီး Android  OS v8.1 Oreo မောင်းနှင်ပါလိမ့်မယ်။ OTG ထောက်ပံ့တဲ့ Micro USB 2.0 နဲ့ထွက်လာနိုင်ခြေရှိပါတယ်။ Lenovo ဟာ Lenovo Z5 ကို ဇွန်လ ၁၄ ရက်နေ့မှာ မိတ်ဆက်လာပါမယ်။ လာမယ့်ရက်တွေမှာ ဒီဖုန်းနဲ့ ပတ်သက်ပြီး သတင်းတွေ ပိုပြီးတော့ သိလာရဖို့ ရှိပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*