24MP Selfie ကင်မရာနဲ VIVO X21i စမတ်ဖုန်းကို Vivo မိတ်ဆက်

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Vivo အနေနဲ့ Vivo X21 နဲ့ဒီဇိုင်းဆင်တူပြီး Selfie ကင်မရာအသားပေး စမတ်ဖုန်း VIVO X21i ကိုမိတ်ဆက်လိုက်ပါတယ်။ အဆင့်မြင့် ဖုန်းတစ်လုံးအဖြစ် ဈေးကွက်ထဲ ရောက်လာတဲ့ Vivo X21i မှာ  ပရိုဆက်ဆာအဖြစ် MediaTek Helio P60 chipset ကို သုံးသွားတာကလွဲရင် ကျန်တာ တော်တော်များများကတော့ Vivo X21 နဲ့ တစ်ပုံစံတည်းလို့ ဆိုနိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၂၈ လက်မ Super AMOLED display နဲ့ လာတဲ့ ဒီဖုန်းဟာ ကိုယ်ထည်ဒီဇိုင်းကို 19:9 screen ပဲ သုံးထားတာ ဖြစ်ပြီး display ထိပ်နားမှာ notch တစ်ခု ထားရှိထားတာပါ။ ရှေ့ ကင်မရာကတော့ X21 မှာသုံးတဲ့ 12MP ထက် နှစ်ဆပိုကြီးတဲ့ 24MP Selfie ကင်မရာ သုံးလာတာပါ။ fingerprint ကိုလည်း ကျောဘက်မှာ ထည့်သွင်းပေးထားပြီး Face unlock စနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

ဒီဖုန်းဟာ RAM 6GB/64GB storage နဲ့ RAM 4GB/128GB storage ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ လာတာ ဖြစ်ပြီး ဈေးကတော့ ကွာခြားချက်မရှိပါဘူး။ ကျောဘက်မှာ Vivo X21 လိုပဲ AI နည်းပညာနဲ့ မြင်ကွင်းကို ချိန်ဖမ်းပေးတာ ၊ နောက်ခံအလင်းအမှောင် ချိန်တာ အပြင် အလှပြင်ပေးတဲ့ features တွေ ထည့်ထားတဲ့ 12MP + 5MP dual camera ပါရှိပါတယ်။ FunTouch OS 4.0 ကို အခြေတည်ပြီး Android 8.1 နဲ့ လာတဲ့ ဒီဖုန်းဟာ 3425 mAh ဘက်ထရီကို သုံးသွားတာပါ။ တရုတ်ဈေးကွက်မှာ Vivo X21i ကို  ယွမ်၂၆၉၈ နဲ့ရောင်းချသွားမှာ ဖြစ်ပြီး Ruby Red ၊ Aurora White နဲ့ Polar Night Black ကာလာသုံးမျိုးနဲ့ ရွေးချယ် ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*