Latest post

နှလုံးသွေးကြောမှာ ပိတ်ဆို့နေတဲ့ အဆီများကို သဘာဝအတိုင်း ဖယ်ရှင်းပေးနိုင်တဲ့ အစားအစာ ၆မျိုး

နှလုံးသွေးကြောကျဉ်းတယ်ဆိုတာ နှလုံးသွေးကြောမှာ အဆီတွေပိတ်ဆို့တာပါပဲ။ ဒီလိုအဆီပိတ်မှုကြောင့် နှလုံးသွေးကြောများကျဉ်းပြီး အသက်ရှုကျပ်ကာ နှလုံးရောဂါနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို ဖြစ်လာစေတာပါပဲ။

သွေးကြောများဟာ ခန္ဓာကိုယ်အနှံ ဦးနှောက်မှ ခြေဖျားအထိ လည်ပတ်စီးဆင်းနေပြီး သွေးကြောများကျန်းမာဖို့ဟာ အလွန်ပင် အရေးကြီးပါတယ်။ သွေးကြောများ ကောင်းစွာ လည်ပတ်စီးဆင်းမှု မရှိတော့လျှင် နှလုံးရောဂါနှင့် လေဖြတ်ရောဂါများကို ဖြစ်လာစေနိုင်ပါတယ်။ အထူးသဖြင့် အဆီအစိမ့်စားသုံးမှု များသူ၊ အဝလွန်သူ၊ နေထိုင်စားသောက်ပုံမှားယွင်းသူတွေဟာ နှလုံးသွေးကြောမှာ အဆီပိတ်ပြီး နှလုံးသွေးကြောကျဉ်း လက္ခဏာများကို ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အစားအစာများကို စားသုံးပြီး နှလုံးသွေးကြောကျဉ်းမှုကို ပြန်လည်သက်သာစေနိုင်ပါလိမ့်မယ်။

၁။ ငါး

ငါးတွေမှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာပေးတဲ့ Omega-3 အက်ဆစ် ပါဝင်ပါတယ်။ ယင်းအက်ဆစ်ဟာ နှလုံးသွေးကြောကျဉ်းမှုကို ဖြစ်စေတဲ့ ကိုလက်စထရောများမှ ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရလည်း ငါးများများစားသုံးခြင်းဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး အထူးသဖြင့် တူနာ၊ ဆော်လမွန်၊ မက်ကရယ်ငါး၊ ရေချိုငါး၊ ငါးသေတ္တာငါး စသည်တို့ကို စားပေးသင့်ပါတယ်။

၂။ လိမ္မော်သီး၊ သံပုရာသီး (ချဉ်သောအသီးများ)

Citric Acid အချဉ်ဓါတ်ပါဝင်တဲ့ အသီးတွေဟာ သွေးပေါင်ချိန်များခြင်းကို လျှော့ချပေးပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောကျဉ်းခြင်းကိုလည်း လျော့ကျစေပါတယ်။ လွန်ခဲ့သော ၁၈ရာစုနှစ်များမှာတုန်းက ဒီနည်းလမ်းဖြင့် ကုသမှုတွေပေးခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် လိမ္မော်သီး နှင့် စပျစ်သီးများကို အဓိကထား စားသုံးစေပါတယ်။ ဒီလိုအသီးတွေမှာ အမျှင်ဓါတ်နှင့် အချဉ်ဓါတ် ကြွယ်ဝတာကြောင့် သွေးကြောများ ပိတ်ဆို့ခြင်းမှ အပြည့်အဝ ကာကွယ်ပေးပါတယ်။ သင်ဟာ နှလုံးသွေးကြောကျဉ်းသူ တစ်ယောက်ဆိုလျှင် သင့်ရဲ့ နေ့စဉ်ဘဝမှာ ဒီလိုအသီးအနှံတွေကို ထည့်သွင်းစားသုံးသင့်ပါတယ်။

၃။ သစ်ကြားသီး

ကင်ဆာကာကွယ်ရေး သုတေသနတစ်ခုမှ လေ့လာမှုအရ သစ်ကြားသီး စားသုံးခြင်းဟာ သွေးကြောများကို ကျန်းမာစေတယ်လို့ သိရါတယ်။ တစ်နေ့လျှင် သစ်ကြားသီး ၈လုံးခန့်စားခြင်းက သံလွင်ဆီစားသုံးခြင်းထက် ပိုပြီး ထိရောက်ပြီး အဆီပိတ်ခြင်းမှ ကာကွယ်ပေးပါတယ်။ အကယ်၍ သင်ဟာ အခွံမာသီးတွေကို ကြိုက်တယ်ဆို သစ်ကြားသီးကို စားပါ။ သူ့မှာ ကောင်းကျိုးများစွာ ရှိနေပါတယ်။

၎။ နနွင်း

နနွင်းဟာ သွေးကြောနှင့် နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးသူငယ်ချင်းဟုပင် ပြောလာကြပါတယ်။ နနွင်းမှုန့်ဟာ နှလုံးရောဂါဆိုင်ရာ ပြဿနာတွေမှာ များစွာသော အကျိုးကျေးဇူးများ ရှိတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ နှလုံးရောဂါကို ကာကွယ်ပေးရုံသာမက နှလုံးရောဂါ ဖြစ်စေတဲ့ ကိုယ်တွင်းဖြစ်စဉ်များကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

၅။ Green Tea

လေ့လာတွေ့ရှိမှုများအရ နေ့စဉ် green tea လက်ဖက်ရည် ကို ငါးခွက်နှင့်အထက် သောက်သုံးသူများဟာ နှလုံးရောဂါနှင့် လေဖြတ်ခြင်းကြောင့် သေဆုံးခြင်းမှ ၂၆ရာခိုင်နှုန်းအထိ လျော့ကျစေပါတယ်။ green tea ဟာ နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး သွေးကြောပိတ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၆။ တလည်းသီး

တလည်းသီးစားသုံးရခြင်းကို ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ သူ့ရဲ့အရသာက တော်တော်ကို ကောင်းပြီး လူအများ ကြိုက်နှစ်သက်တဲ့ သစ်သီးအမျိုးအစားထဲမှာလည်း ပါဝင်ပါတယ်။ တလည်းသီးဟာ စားကောင်းရုံမက နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူများစွာ ပေးပါတယ်။ လေ့လာမှုပေါင်းများစွာ ပြုလုပ်ပြီးနောက် တလည်းသီးဟာ နှလုံးကျန်းမာရေးအတွက် အဖက်ဖက်မှ ကောင်းကျိုးတွေပေးနေတာကို တွေ့ရှိခဲ့ရပါတယ်။

မှတ်ချက်။ နလုံးသွေးကြောကျဉ်းသူများအနေဖြင့် နေ့စဉ်ပုံမှန် မျှတသော ကိုယ်လက်လှုပ်ရှား အားကစားများကိုလည်း ပြုလုပ်ဖို့ ထည့်သွင်းအကြံပြုထားပါတယ်။

CHAN (ရွှေအင်းလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*