တန္ဖိုးနည္းစမတ္ဖုန္း Honor Play 7 ကိုHuawei ေၾကျငာ

စမတ္ဖုန္းထုတ္လုပ္သူ Huawei အေနနဲ႔မိခင္ႏုိင္ငံ တရုတ္မွာ Honor Play 7 ကို ေၾကျငာလိုက္ပါတယ္။ ဘက္ဂ်က္စမတ္ဖုန္းလို႔ သတ္မွတ္ႏုိင္ၿပီး ေဒၚလာ ၁၀၀ ဝန္းက်င္သာရွိမွာ ျဖစ္ပါတယ္။ သူ႔မွာ ၅.၄၅ လက္မ 1440x720p FullView Display တပ္ဆင္ထားၿပီး မ်က္ႏွာျပင္အခ်ိဳးမွာ 18:9 ျဖစ္ပါတယ္။ မ်က္ႏွာျပင္ကို 2.5D Curved Glass ျဖင့္ ကာကြယ္ထားၿပီး မ်က္ႏွာျပင္ဟာ IPS Panel အမ်ိဳးအစား ျဖစ္ပါတယ္။ သူ႔ရဲ႕ အရြယ္အစား အျပည့္အစံုမွာ 146.5×70.9×8.3mm ျဖစ္ၿပီး ၁၄၂ ဂရမ္ အေလးခ်ိန္ရွိပါတယ္။

သူ႔မွာ 13MP ေနာက္ေက်ာဘက္ကင္မရာ တစ္လံုး ထည့္သြင္းထားၿပီး Phase Detection Autofocus နည္းပညာ ပါလာပါတယ္။ ကင္မရာေလးမွာ LED Flash တစ္လံုး ပါပါတယ္။ အေရွ႕ဘက္မွာလည္း 5MP ကင္မရာ ကို LED Flash တစ္လံုးနဲ႔ တြဲဖက္ထားပါတယ္။ MediaTek MT6739 Chipset ထည့္သြင္းထားပါတယ္။ 2GB RAM , 16GB Internal Storage မ်ားထည့္သြင္းထားၿပီး microSD Card စိုက္ႏုိင္ပါတယ္။

Android 8.1 Oreo အေျချပဳ EMUI 8.1 မ်ား ထည့္သြင္းထားပါတယ္။ ဘက္ထရီစြမ္းအားကေတာ့ 3020mAh ျဖစ္ပါတယ္။ ကြန္ရက္ခ်ိတ္ဆက္မႈအတြက္ Wi-Fi 802.11 b/g/n, Bluetooth 4.2 LE နဲ႔ GPS မ်ား ပါပါတယ္။ သူ႔ကို တရုတ္မွာ ေမလ ၂၂ ရက္ေန႔တြင္ စတင္ေရာင္းခ်မွာ ျဖစ္ၿပီး အျပာ၊ အနက္နဲ႔ ေရႊေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။

Unicode

စမတ်ဖုန်းထုတ်လုပ်သူ Huawei အနေနဲ့မိခင်နိုင်ငံ တရုတ်မှာ Honor Play 7 ကို ကြေငြာလိုက်ပါတယ်။ ဘက်ဂျက်စမတ်ဖုန်းလို့ သတ်မှတ်နိုင်ပြီး ဒေါ်လာ ၁၀၀ ဝန်းကျင်သာရှိမှာ ဖြစ်ပါတယ်။ သူ့မှာ ၅.၄၅ လက်မ 1440x720p FullView Display တပ်ဆင်ထားပြီး မျက်နှာပြင်အချိုးမှာ 18:9 ဖြစ်ပါတယ်။ မျက်နှာပြင်ကို 2.5D Curved Glass ဖြင့် ကာကွယ်ထားပြီး မျက်နှာပြင်ဟာ IPS Panel အမျိုးအစား ဖြစ်ပါတယ်။ သူ့ရဲ့ အရွယ်အစား အပြည့်အစုံမှာ 146.5×70.9×8.3mm ဖြစ်ပြီး ၁၄၂ ဂရမ် အလေးချိန်ရှိပါတယ်။

သူ့မှာ 13MP နောက်ကျောဘက်ကင်မရာ တစ်လုံး ထည့်သွင်းထားပြီး Phase Detection Autofocus နည်းပညာ ပါလာပါတယ်။ ကင်မရာလေးမှာ LED Flash တစ်လုံး ပါပါတယ်။ အရှေ့ဘက်မှာလည်း 5MP ကင်မရာ ကို LED Flash တစ်လုံးနဲ့ တွဲဖက်ထားပါတယ်။ MediaTek MT6739 Chipset ထည့်သွင်းထားပါတယ်။ 2GB RAM , 16GB Internal Storage များထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

Android 8.1 Oreo အခြေပြု EMUI 8.1 များ ထည့်သွင်းထားပါတယ်။ ဘက်ထရီစွမ်းအားကတော့ 3020mAh ဖြစ်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအတွက် Wi-Fi 802.11 b/g/n, Bluetooth 4.2 LE နဲ့ GPS များ ပါပါတယ်။ သူ့ကို တရုတ်မှာ မေလ ၂၂ ရက်နေ့တွင် စတင်ရောင်းချမှာ ဖြစ်ပြီး အပြာ၊ အနက်နဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*