J စီးရီးစမတ်ဖုန်းသစ်တွေဖြစ်တဲ့ Galaxy J6 နဲ့ J4 ကိုတရားဝင်ကြော်ငြာလိုက်တဲ့ Samsung




Unicode

Samsung အနေနဲ့ J စီးရီးစမတ်ဖုန်း၂မျိုးကို တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။ Galaxy J6 နဲ့ J4 စမတ်ဖုန်းတွေမှာ AMOLED screens နဲ့အတူ selfie ပိုင်းကိုဦးစားပေးထားပါတယ်။ Galaxy J6 မှာ Samsung ရဲ့ Exynos 7870 chipset ကိုအသုံးပြုထားပြီး octa-core Cortex-A53 CPU ဟာ1.6GHz အမြန်နှုန်းရှိမှာ ဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအတွက် Mali-T830 MP1 GPU ကိုသုံးထားပြီး 3GBRAM နဲ့တွဲဖက်ထားပါတယ်။ အချက်အလက်သိုလှောင်မှုအတွက် 32GB ဖြစ်ပြီး၊microSD card ကနေထပ်ထိုးနိုင်ပါလိမ့်မယ်။ နောက်ကျောဘက်မှာတော့ ကင်မရာတစ်လုံးသာပါဝင်မှာ ဖြစ်ပြီး 13MP အရည်အသွေးမှာ  f/1.9 lens ပါဝင်ပါလိမ့်မယ်။ OIS ထောက်ပံ့မှုတော့ မပါဝင်ပါဘူး။

အရှေ့ဘက်ကင်မရာကိုတော့ 8MP ကိုသုံးထားပါတယ်။ ရှေ့ကင်မရာအတွက် ပိုကောင်းသွားတာကတော့ LED flash ဟာမတူညီတဲ့ အဆင့်၃မျိုးနဲ့ brightness ကိုချိန်နိုင်မှာပါ။ Android 8.0 Oreo တစ်ပါတည်းပါဝင်ပြီး 3,000 mAh ဘက်ထရီစွမ်းအားသုံးထားပါတယ်။ လက်ဗွေဖတ်စနစ်ကိုတော့ ဖုန်းရဲ့နောက်ကျောဘက် ကင်မရာအောက်နားမှာ တပ်ဆင်ထားပါတယ်။

Samsung Galaxy J4 မှာတော့ 5.5″ Super AMOLED နဲ့ဖြစ်ပြီး  Exynos 7570 chipset ကိုအသုံးပြုထားပြီး quad-core CPU ဟာ1.4GHz အမြန်နှုန်းရှိမှာ ဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအတွက် Mali-T720 MP1 GPU ကိုသုံးထားပြီး 2GBRAM နဲ့တွဲဖက်ထားပါတယ်။ အချက်အလက်သိုလှောင်မှုအတွက် 16GB ဖြစ်ပြီး၊microSD card ကနေထပ်ထိုးနိုင်ပါလိမ့်မယ်။ နောက်ကျောဘက်မှာတော့ ကင်မရာတစ်လုံးသာပါဝင်မှာ ဖြစ်ပြီး 13MP အရည်အသွေးမှာ  f/1.9 lens ပါဝင်ပါလိမ့်မယ်။ J6 မှာလိုပဲ OIS ထောက်ပံ့မှုတော့ မပါဝင်ပါဘူး။ အရှေ့ဘက်ကင်မရာကိုတော့ 5MP ကိုသုံးထားပါတယ်။ Android 8.0 Oreo တစ်ပါတည်းပါဝင်ပြီး 3,000 mAh ဘက်ထရီစွမ်းအားကိုသာသုံးထားပါတယ်။ ဈေးနှုန်းကတော့ Galaxy J6 မှာ 4GB RAM နဲ့ 64GB storage ကို ဒေါ်လာ 240 နဲ့ဖြစ်ပြီး  3RAM နဲ့ 32GB ကိုတော့ ဒေါ်လာ 205 ကျသင့်မှာပါ။  Galaxy J4 ရဲ့ဈေးနှုန်းကတော့ တရားဝင်မထွက်သေးပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*